သင့်ရဲ့တစ်နေ့တာလိုအပ်တဲ့ ရေဓာတ် ကို ဖြည့်စွမ်းပေးမယ့် Plant Nanny – Water Reminder with cute plants

လူတစ်ယောက်ခန္ဓာကိုယ်အလေးချိန်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရေဓာတ်ကနေရာယူထားတာဖြစ်လို့ လူသားတွေအတွက် ရေဓာတ်က အရမ်းအရေးပါပါတယ်။ ရေဓာတ်လုံလောက်ဖို့ တစ်နေ့ရေဘယ်နှခွက်သောက်ရမှာလဲ။ ကိုယ့်ကိုယ်ကို ရေဓာတ်လုံလောက်ပြီလား ဘယ်လိုသိနိုင်မလဲ။ သင့်ခန္ဓာကိုယ်အလေးချိန်နဲ့ တနေ့ရေဘယ်နှခွက်သောက်သင့်လဲဆိုတဲ့ မေးခွန်းတွေကို Plant Nanny application က ကူညီပေးမှာဖြစ်တယ်။

ဒီapplication လေးက သင့်ရဲ့ တစ်နေ့တာလိုအပ်တဲ့ ရေဓာတ်ကို ခန္ဓာကိုယ်အလေးချိန်နဲ့ တွက်ချက်ပြီး ဖြည့်စွမ်းပေးမှာဖြစ်ပါတယ်။ အပင်လေးတွေကို ရေလောင်းပေးရတဲ့ ဒီဇိုင်းလေးဖန်တီးပေးထားတာဖြစ်လို့ ရေလောင်းပေးရင်း အပြင်မှာပါရေတစ်ခွက်သောက်ပေးရမှာပါ။ သင်ပုံမှန်ရေမလောင်းပေးရင်တော့ အပင်လေးက သေသွားမှာဖြစ်ပြီး အပင်ကို သင့်ရဲ့ ရေဓာတ်အခြေအနေနဲ့ နှိုင်းယှဉ်ပေးထားမှာဖြစ်တယ်။အဲ့တာကြောင့် အပြင်မှာ ရေတစ်ခွက်သောက်ရင် သူ့ကိုပါ ရေတစ်ခွက်လောင်းပေးဖို့ မမေ့ပါနဲ့နော်။

သင်ရွေးချယ်နိုင်မယ့် အပင်အမျိုးအစားလေးတွေအများကြီးပါဝင်မှာဖြစ်လို့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ တဖြေးဖြေးရှင်သန်ကြီးထွားလာမဲ့ အပင်လေးကို ပျိုးထောင်ပေးရင် သင့်အတွက်လည်းရေဓာတ်ကို လုံလောက်စွာ ဖြည့်စွမ်းပေးမှာဖြစ်ပါတယ်။ သူ့limit နဲ့သူ မို့လို့ limit ပြည့်သွားရင် အပင်ရေလောင်းတာကို ရပ်နိုင်သလို ရေသောက်တာကိုလည်း နားလို့ရပါပြီ။ ကျန်းမာရေးအတွက်အကျိုးရှိစေမယ့် application လေးဖြစ်တာမို့ သုံးကြည့်ဖို့ မိတ်ဆက်ပေးလိုက်ပါတယ်နော်။

၂၀၁၃ခုနှစ် မှာ App Store ရဲ့ အကောင်းဆုံးapplication ဖြစ်ခဲ့ပြီး အခုဆိုရင် Android များ၌ပါ free အသုံးပြုလို့ရနေပါပြီ။

 

 

Image Source – Plant Nanny – Water Reminder with cute plants 

,

Leave a Reply

Your email address will not be published. Required fields are marked *