Play Store က အခပေး App တွေကို တစ်နေရာထဲမှာ တစ်စုတစ်စည်း ရနိုင်မယ့် Aptoide

Google Play Store မှာ အခမဲ့ရတဲ့ App တွေရှိသလို အခပေးပြီးမှ ဒေါင်းခွင့်ရှိတဲ့ App တွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ E-payment ကို အကောင်အထည် ဖော်နေဆဲ ဖြစ်တာကြောင့် Play Store က App တွေကို ဝယ်ပြီးသုံးချင်ရင်တောင် အခက်အခဲတွေရှိပါတယ်။ ဒါကြောင့် အထူးတလည် ဝယ်ဖို့ကြိုးစားမနေဘဲ အခမဲ့ ရနိုင်မယ့် နေရာတွေကနေ ရှာဖွေ Download လုပ်ကြရပါတယ်။

အခမဲ့ Download လုပ်နိုင်တဲ့ ဝက်ဘ်ဆိုဒ် တွေ App စတိုး တွေ အများကြီးရှိတဲ့ အထဲက Aptoide ဆိုတဲ့ App စတိုးအကြောင်းကို ပြောပြပေးသွားမှာပါ။ အချိန်နဲ့ တပြေးညီ Update ဖြစ်တာရယ် အခြား ဝက်ဘ်ဆိုဒ် တွေ Store တွေမှာ ဒေါင်းဖို့ မလွယ်ကူတဲ့ ဖိုဒ်ဆိုဒ်ကြီးတဲ့ App တွေ၊ App နဲ့ ဒေတာ ဖိုင် ခွဲသွင်းရတဲ့ App တွေကိုပါ ဒေါင်းယူနိုင်တဲ့အတွက် ရင်းမြစ်တွေ အများကြီးရှိတဲ့ App စတိုး တစ်ခုပါ။

Grand Theft Auto: San Andreas လို ဂိမ်းမျိုးဟာ ဖိုင်ဆိုဒ် ကြီးပြီး Data ဖိုင်ပါ သွင်းပေးရတဲ့အပြင် Google Play Store ပေါ်မှာ $6.99 ပေးရပါတယ်။ ဒီ ဂိမ်းကို Aptoide ကနေ ဒေါင်းယူမယ်ဆိုရင် အခြား ဝက်ဘ်ဆိုဒ်တွေကလို ဒေါင်းပြီးမှ ဒေတာ ဖိုင်တွေ ဘာတွေ ပြန်ထည့်ပေးနေစရာမလိုပါဘူး။ Google Play ကနေ ဒေါင်းသလိုမျိုးပဲ App ရဲ့ Install Path (အင်စတောလုပ်သည့် နေရာ) ထဲကို တိုက်ရိုက် ထည့်ပေးသွားမှာပါ။

Developer ပေါင်းများစွာက အသစ်ထွက်သမျှ အခပေး App တွေကို Cracked လုပ်ပြီး တင်ပေးနေတာကြောင့် Android သုံးသူတွေ လက်စွဲထားသင့်တဲ့ App တစ်ခု လို့ပဲ ပြောပါရစေ။

Download link: en.aptoide.com

,

Leave a Reply

Your email address will not be published. Required fields are marked *