Quire နဲ့ Project တွေကို အကောင်းဆုံး ဖန်တီးလိုက်ပါ

ကိုယ့်အဖွဲ့နဲ့ကိုယ် project တွေလုပ်ရပြီဆိုရင် အချိတ်အဆက်မိဖို့နဲ့ အလုပ်တွေမြန်မြန်ပြီးဖို့အတွက် collaboration tool တွေကို မဖြစ်မနေအသုံးပြုလာရပါတယ်။ အဲ့လို collaboration tool တွေအများကြီးထဲကမှ ရိုးရိုးရှင်းရှင်းနဲ့ သုံးရလွယ်ကူတဲ့ quire ဆိုတဲ့ application လေးနဲ့ မိတ်ဆက်ပေးပါရစေ။

  

ပုံမှန် collaboration tool တွေလိုပဲ task တွေကို create လုပ်ရတာဆိုပေမဲ့ quire မှာတော့ task တွေကို tree-structured design လုပ်ပေးထားတာမို့လို့ task အကြီးကြီးကို step အသေးလေးတွေအဖြစ်ခွဲပြီးတော့ create လုပ်နိုင်ပါတယ်။ အဲ့လိုလုပ်လိုက်ခြင်းအားဖြင့် task တွေကို ကြည့်ရတာရှင်းပြီးတော့ လုပ်ဆောင်ရတာပိုမိုလွယ်ကူစေနိုင်ပါတယ်။

App ကို စသုံးတာနဲ့ မိမိအသင်းကို create လုပ်တာ၊ project တွေကို create လုပ်တာတွေကို လွယ်လွယ်နဲ့ လုပ်လို့ရမှာဖြစ်ပြီးတော့၊ task တစ်ခုစလုပ်တော့မယ်ဆိုရင်လည်း assignee ပေးတာ၊ date သက်မှတ်တာ၊ description ရေးတာ၊ attachement တွေ တွဲတာ စတာတွေကို တစ်ခဏအတွင်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Taskတစ်ခုခြင်းဆီကို Urgent, High အစရှိတဲ့ priority ရွေးထားနိုင်သလို၊ in progress, completed ဆိုပြီး status တွေကိုလည်း ဖုန်းထဲကနေ လွယ်လွယ်လုပ်နိုင်မှာပါ။

  

Quire အနေနဲ့က phone ကနေသုံးလို့ရသလို၊ desktop ကနေလည်း project ရဲ့အခြေအနေကို အသေးစိတ်ကြည့်ရှုနိုင်ပါသေးတယ်။ Desktop mode မှာတော့ browser ကနေသုံးရမှာဖြစ်ပြီးတော့ phone ကနေသုံးနိုင်တဲ့ function တွေအပြင်၊ dashboard လိုမျိုး project ရဲ့ task တွေကို monitor လုပ်နိုင်ပြီး၊ comment ပေးတာ၊ google drive, slack နဲ့ချိတ်ဆက်တာတွေကိုလည်း လုပ်နိုင်မှာပါ။ Monitor လုပ်တာကိုလည်း overdue ဖြစ်နေတဲ့ task ၊ ဒီနေ့လုပ်ရမှာ၊ မနက်ဖြန်လုပ်ရမှာတွေကို ခွဲပြထားတဲ့အပြင်၊ project အပေါ်မှာ team ရဲ့လုပ်ဆောင်မှုကိုလည်း graph နဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အားလုံးခြုံပြောရရင်တော့ quire က တစ်ခြား collaboration tool တွေထက်စာရင် သုံးရတာလွယ်ကူပြီးတော့ ထိရောက်တဲ့ app တစ်ခုဖြစ်ပါတယ်။ သူ့ကို android ကော၊ iOS မှာပါသုံးနိုင်ပြီးတော့ လောလောဆယ်မှာတော့ free ဖြစ်ပါတယ်။ ဒါပေမဲ့ price တစ်ခုသတ်မှတ်ဖြစ်ရင်လည်း လက်ရှိသုံးနိုင်တာတွေကို free အနေနဲ့ပဲ ဆက်ထားမှာပါလို့ quire team ကနေကြေညာထားပါတယ်။ ဒီ app လေးကိုသုံးမယ်ဆိုရင်တော့ အောက်က linkမှာ download ရယူနိုင်ပါတယ်။

Download Link – Android/iOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *