ကျွန်တော်တို့အွန်လိုင်းကနေ ဂိမ်းဖိုင်လေးတွေ (ဒါမှမဟုတ်) တစ်ခြားဝက်ဘ်ဆိုဒ်တွေကနေ သီချင်းတွေ စာအုပ်တွေဒေါင်းလုတ်ဆွဲကြတဲ့အခါ ပုံမှန်ဖိုင်အတိုင်းမလာပဲနဲ့ Zip ဆိုတဲ့ ဖိုင်လေးတွေနဲ့လာတက်ကြပါတယ်။ အဲ့လိုမျိုးဖိုင်တွေနဲ့လာတဲ့အခါ မိမိဖုန်းထဲမှာပါတဲ့ file manager လိုမျိုး အပ်ပလီကေးရှင်းတွေနဲ့ဖွင့်လို့ရပေမဲ့ တချို့ zip ဖိုင်တွေက password တွေပါလာရင်တော့ ပုံမှန်အတိုင်းဖုန်းထဲက app လေးနဲ့တော့ဖွင့်လို့ရမှာမဟုတ်တော့ပါဘူး။ အဲ့လိုမျိုးကြုံတွေ့လာရင်တော့ ဒီ RAR ဆိုတဲ့ အပ်ပလီကေးရှင်းအသုံးပြုပြီး အလွယ်တကူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
Zip ဖိုင်တွေဖွင့်ချင်တယ်ဆိုရင် အပ်ပလီကေးရှင်းထဲဝင်ပြီး မိမိ ဖွင့်ချင်တဲ့ zip ဖိုင်ရှိတဲ့နေရာကိုရွေးပေးရမှာဖြစ်ပါတယ်။ ရွေးပြီးပြီဆိုရင် အမှန်ခြစ်ဝင်သွားမှာဖြစ်ပြီး ဖုန်းမျက်နှာပြင်ရဲ့အပေါ်ဆုံးမှာ tab လေး သုံးခုပေါ်လာပါလိမ့်မယ်။ အဲ့သုံးခုထဲကမှ အလယ်က tab လေးကိုရွေးပေးရမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်ဖြစ်တဲ့မိမိဖိုင်အတွက် setting ချိန်နိုင်သလို default setting အတိုင်းထားပြီး အိုကေ နှိပ်ပေးလိုက်ရင်လဲရပါတယ်။
နောက်တခုက မိမိကိုယ်တိုင်လဲ zip ဖိုင်တွေဖန်တီးလို့ရပါသေးတယ်။ မိမိဖုန်းထဲမှာရှိတဲ့ဓာတ်ပုံတွေ (ဒါမှမဟုတ်) သီချင်းစတာတွေကို ဖိုင်တစ်ခုထဲအဖြစ်သိမ်းချင်တာမျိုးတွေ လုပ်ချင်တယ်ဆိုရင်တော့ မိမိစုစည်းမယ့်ဖိုင်တွေကိုအရင် select မှတ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ခုနကလိုအပေါ်မှာ tab သုံး ခုပေါ်လာမှာဖြစ်ပြီး ဘယ်ဘက်ထောင့်က tab ကိုရွေးပေးရမှာဖြစ်ပါတယ်။ မိမိရဲ့ဖိုင်ကိုသူများဖွင့်ဖတ်မှာစိုးရိမ်ရင် password ထည့်ထားလို့ရပါသေးတယ်။ ပြီးရင်တော့ ok ဆိုတာနှိပ်လိုက်ရင် Zip ဖိုင်လေးတခုရရှိမှာဖြစ်ပါတယ်။ အသုံးပြုချင်တယ်စိုရင်တော့ အောက်ပါလင့်ခ်တွင်ရယူနိုင်ပါတယ်။
Download link – Andriod