ဖုန်းနဲ့ ကွန်ပျူတာကို control လုပ်နိုင်တဲ့ Remote Mouse

ဒီတစ်ခေါက်မိတ်ဆက်ပေးထားတဲ့ Application လေးကတော့ ဖုန်းနဲ့ ကွန်ပျူတာကို control လုပ်နိုင်မယ့် application လေးပဲဖြစ်ပါတယ်။ Platform မတူတဲ့ ဖုန်းကို PC (သို့) Mac အတွက် control လုပ်တဲ့ mouse ပုံစံအသုံးပြုနိုင်တယ်ဆိုတော့ တော်တော်လေးကို ထူးခြားပါတယ်။ အဲ့တာကြောင့် အရင်ဆုံး Remote Mouse ကို ဘယ်လိုချိတ်ဆက်ပြီး အသုံးပြုရမယ်ဆိုတာလေးကို ပြောပြပေးပါ့မယ်။

  1. Remote Mouse ကိုသုံးဖို့အတွက် သင့်ရဲ့ PC မှာ Remote Mouse ဆော့ဖ်ဝဲ ရှိရပါမယ်။
  2. မိုလ်ဘိုင်းဖုန်းမှာလည်း Remote Mouse app ကို ဒေါင်းလုတ်ဆွဲထားရပါမယ်။
  3. ပြီးရင် သင့်ရဲ့ ဖုန်းရော၊ PC ရောက တူညီတဲ့ wifi ကို အသုံးပြုနေတာ ဖြစ်ရပါမယ်။

အဲ့ ၃ ချက်နဲ့ ပြည့်စုံပြီဆိုရင်တော့ Remote Mouse app ရဲ့ system ကို ချိတ်ဆက်ပြီး အသုံးပြုလို့ရပါပြီ။

PC, Mac နဲ့ laptop တို့မှာ ပါတဲ့ Keyboard, Mouse ,Touchpad လို့ခေါ်တဲ့ remote control devices ၃ ခုကို ပေါင်းစပ်ထားတဲ့ app ဖြစ်တာကြောင့် သူတို့ ၃ ခုရဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အဝလုပ်ဆောင်ပေးနိုင်ပါတယ်။ ဖုန်းကို ပွတ်နေရင်းနဲ့ ပဲ တစ်ဖက်မှာချိတ်ဆက်ထားတဲ့ PC က အလိုအလျောက်လိုက်ရွေ့ပေးနေမှာပါ။ Mouse တစ်ခုအနေနဲ့ပါ အသုံးပြုနိုင်တာကြောင့် သင်ရွေ့ချင်တဲ့နေရာကို ဖုန်းလေးနဲ့ control လုပ်ပြီး လိုက်ရွေ့ပေးနေရုံပါပဲ။ ပိုပြီး ရှင်းရှင်းလင်းလင်းသိရအောင် အောက်မှာ ဖော်ပြထားတဲ့ video လေးကို ကြည့်နိုင်ပါတယ်။

Download လုပ်တဲ့ အခါမှာ တစ်ခု အကြံပေးချင်တာက Play Store နဲ့ App Store တို့ကထက်စာရင် အောက်မှာ ပြထားတဲ့ link လေးထဲဝင်ပြီး down ရတာက ပိုပြီး အဆင်ပြေတယ်လို့ထင်မိပါတယ်။

Download link – http://www.remotemouse.net/

ဘာကြောင့်လဲဆိုတော့ ဒီ link ထဲဝင်လိုက်တာနဲ့ အောက်ကပုံမှာပြထားတဲ့အတိုင်း Get Now ဆိုတဲ့ button လေးကနေတစ်ခါတည်း Download ဆွဲနိုင်မှာမလို့ပါ။

Get Now ကို နှိပ်လိုက်တာနဲ့ အောက်ကပုံထဲကအတိုင်း Remote Mouse ကို ဒေါင်းလုတ် လုပ်နိုင်မယ့် အကွက်လေးတွေတစ်ခါတည်းပေါ်လာမှာဖြစ်ပါတယ်။

အဲ့တာကြောင့် တစ်ခုချင်းစီလိုက်ရှာနေဖို့ မလိုတော့ဘဲ တစ်နေရာတည်းမှာ ကိုယ့်ရဲ့ device နဲ့ ကိုက်ညီတာကို ရယူနိုင်မှာဖြစ်ပါတယ်။ တကယ်ထိရောက်ပြီး အရမ်းကို အသုံးဝင်တဲ့ app တစ်ခုဖြစ် တာကြောင့် စမ်းပြီး အသုံးပြုကြည့်ဖို့ အကြံပြုချင်ပါတယ်။ ^-^ ^-^ ^-^

 

Source

, , , ,

Leave a Reply

Your email address will not be published. Required fields are marked *