CV form ကို smart phone နဲ့ အလွယ်တကူလုပ်နိုင်မယ့် Application နှစ်ခု

အလုပ်လျှောက်ရာမှာ ကိုယ့်ရဲ့ အရည်အချင်းအပြင် ကောင်းမွန်ပြည့်စုံတဲ့ CV form တစ်ခုလည်း လိုအပ်ပါတယ်။ ဆိုင်တွေကို ရေးခိုင်းတဲ့ CV form အများစုက အလွယ်တကူရှိပေမယ့် အချက်အလက်စုံစုံလင်လင်နဲ့ ပြည့်စုံတဲ့ CV form ကို မရနိုင်ပါဘူး။ အဲ့တာကြောင့် computer နဲ့ စာရိုက်စရာမလိုပဲ ကိုယ်သုံးနေကျ smart phone လေးနဲ့ပဲ အလွယ်တကူ CV form ပြုလုပ်နိုင်မယ့် apk
လေးတွေနဲ့ မိတ်ဆက်ပေးထားပါတယ်။

Resume: CV Builder & Designer For Your Job Search

ဒီ apk ထဲမှာ CV form ပုံစံ ၂၁ခု ပါဝင်ပါတယ်။ အလွယ်တကူ ပြင်ဆင်နိုင်ပြီး အချက်အလတ်တွေစုံလင်စွာ ထည့်သွင်းနိုင်ပါတယ်။ အမိုက်စား ဒီဇိုင်း CV ပုံစံတွေ ပါဝင်လို့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်လေးတွေ ဖြည့်ပေးလိုက်ရုံပါပဲ။ ပထမဦးဆုံး CV form လုပ်တဲ့သူတွေအတွက် အကူအညီရစေမှာပါ။ လုပ်ပြီးသား CV form တွေကို pdf ဖိုင်အဖြစ် email ထဲ အလွယ်တကူပို့လို့ရပါတယ်။

iOS အသုံးပြုသူတွေပဲ သုံနိုင်သေးတဲ့ apk ဖြစ်ပြီး App Store မှာ rating 4.9 အထိရရှိနေလို့ ကောင်းမကောင်းဆိုတာ အထွေအထူးကို ပြောနေစရာမလိုတော့ ပါဘူးနော်။ iOS version 9 နဲ့ အထက်ရှိရင်သုံးလို့ရပါပြီ။ ဖိုင်အရွယ်အစားကတော့ 81.3MB ဖြစ်ပါတယ်။

Download link – Resume: CV Builder & Designer For Your Job Search

 

 

Resume Builder Free, 5 Minute CV Maker & Templates

အပေါ်မှာ ပြောထားတဲ့ apk က iOS သမားတွေအတွက်ပဲ သုံးလို့ရတာကြောင့် အခု Android သမားတွေအတွက် မိတ်ဆက်ပေးပါ့မယ်။ Resume Builder Free, 5 Minute CV Maker & Templates က အသုံးပြုရတာလွယ်ကူပြီး ရှင်းလင်း ပြည့်စုံတဲ့ CV form ပြုလုပ်ပေးနိုင်ပါတယ်။ CV form ပြုလုပ်ဖို့ အတွက် သူပြောတဲ့အတိုင်း နာမည်နေရာမှာနာမည် တစ်ဆင့်ချင်းဖြည့်သွားပေးဖို့ပဲလိုအပ်ပါတယ်။

ဒီဇိုင်း ၁၀ခုပါဝင်တဲ့ အပြင် cover letter အထိပါရေးပေးလို့ရပါတယ်။ Pdf နဲ့ save ထားလို့ရပြီး ကိုယ့်စိတ်ကြိုက် CV form တွေအမျိုးမျိုးလည်းပြုလုပ်ပေးလို့ရပါတယ်။ Android version 5.4 ရှိ ရင် Play Store မှာ free download လုပ်လို့ရပါတယ်။

Download link – Resume Builder Free, 5 Minute CV Maker & Templates

, ,

Leave a Reply

Your email address will not be published. Required fields are marked *