မကြာခင်ထွက်ရှိတော့မယ့် Samsung Galaxy S9 ရဲ့ ဒီဇိုင်းကာလာတွေကိုသိပြီးကြပြီးပြီလား ?

Mobile reporter တစ်ဉီးဖြစ်သူ Evan Blass ဆိုသူရဲ့ Twitter Post အရဆိုရင် Samsung Galaxy S9 နဲ့ S9+ တို့ဟာအရောင် ၄ ရောင်နဲ့ထွက်ရှိမှာဖြစ်ပါတယ်။ အပြာနုရောင်၊ ခရမ်းနုရောင်၊ မီးခိုးရောင် နဲ့ အနက်ရောင် အစရှိတဲ့အရောင် ၄ မျိုးနဲ့ထွက်ရှိလာမှာပါ။ အပြာနုရောင်ကိုတော့ မနေ့ကမှ Evan Blass ရဲ့ Twitter ဆီကသိရှိခဲ့ရတာပါ။ အပြာနုရောင်ဟာ ပင်လယ်ရေကြီးရဲ့အရောင်အတိုင်းဖြစ်နေတာကြောင့် ကျွန်တော်အကြိုက်ဆုံးပါပဲ။

Samsung Galaxy S9 နဲ့ S9+ ကိုတော့ 2018 MWC မှာစတင်မိတ်ဆက်မှာပါ။ ထွက်ရှိမယ့်ရက်အတိအကျနဲ့စျေးနှုန်း တောင်သတင်းထွက်ပြီးပါပြီ။ ပြီးတော့ Galaxy S9 ရဲ့ CPU က Snapdragon (SD) 845 ဖြစ်မယ်လို့လဲသတင်းထွက်ရှိထားပါသေးတယ်။ Snapdragon 845 ဆိုတာကတော့ Qualcomm ရဲ့နောက်ထွက် Snapdragon ဖြစ်ပြီး Xiaomi သာ SD 845 ပါဝင်တဲ့ Smartphone မထုတ်ဖြစ်ဘူးဆိုရင် Samsung ဟာ SD 845 ပထမဉီးဆုံးပါဝင်တဲ့ ဖုန်းအဖြစ်ရပ်တည်သွားမှာပဲဖြစ်ပါတယ်။

 

A rumor image for Coral Blue

 

A rumor image for Lilac Purple

 

A rumor image for midnight black

 

A rumor image for Titanium

ပုံတွေကြည့်ပြီး မိတ်ဆွေ အနေနဲ့ ဘာခံစားမိလဲတော့မသိဘူး ကျွန်တော့်အနေနဲ့ပထမဉီးဆုံးခံစားမိတာကတော့ S9 ရဲ့ ဒီဇိုင်းပိုင်းဟာ Galaxy A8 (2018) နဲ့ဆင်နေတယ်ဆိုတာပါပဲ။ ဒါပေမယ့် အခုဟာ Hardware ပိုင်းတောင်မမြင်ရသေးတဲ့အခြေအနေဖြစ်တာကြောင့် ဝေဖန်ဖို့ကစောပါသေးတယ်။ ဖေဖော်ဝါရီလ ၂၀ ကျော်လောက်မှာကျင်းပမယ့် 2018 MWC ရောက်မှသာ Samsung ဖန်တီးထားတဲ့ ဒီဇိုင်းပိုင်းကိုကြည့်ပြီးဝေဖန်ကြတာပေါ့ဗျာ။

 

, ,

Leave a Reply

Your email address will not be published. Required fields are marked *