Galaxy S9 ဟာ Galaxy S8 တုန်းကထက်ပိုမိုရောင်းချနိုင်မယ်လို့မျှော်လင့်ထားတဲ့ Samsung!

Samsung ရဲ့နောက်ဆုံး Flagship handset ဖြစ်တဲ့ Galaxy S9 ဟာတော့ MWC 2018 မှာတရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပြီး မတ်လအတွင်းမှာပဲ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ မတ်လမှာစတင်ရောင်းချတော့မယ့် Samsung Galaxy S9 အတွက်ရောင်းအားကို Samsung ရဲ့ CEO ဖြစ်သူ DJ Koh က Galaxy series ရဲ့အရင် Flagship handset တစ်ခုဖြစ်တဲ့ Galaxy S8 ထက်ပိုမိုရောင်းချနိုင်ဖို့မျှော်လင့်ထားလိုက်ပြီပဲဖြစ်ပါတယ်။

Galaxy S8 ကို ၂၀၁၇ ဧပြီလမှာစတင်ရောင်းချခဲ့တာဖြစ်ပြီး ဖုန်းရဲ့ဒီဇိုင်းပိုင်းတွေနဲ့ ပါဝင်တဲ့ Function တွေကြောင့် စမတ်ဖုန်းအသုံးပြုသူတွေတော်တော်များများကြိုက်နှစ်သက်ခဲ့တာကြောင့် တစ်နှစ်လုံးမှာ S8 အလုံးရေပေါင်း ၃၇ မီလီယံနီးပါးအထိရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုလိုတာက DJ Koh အနေနဲ့ Galaxy S9 ကို ၃၇ မီလီယံကျော်အထိရောင်းချနိုင်ဖို့မျှော်လင့်ထားတာပါ။

၂၀၁၈ Flagship handset ဖြစ်တဲ့ Galaxy S9 ရဲ့ ဒီဇိုင်းပုံစံက Galaxy S8 နဲ့သိပ်မကွာတာကြောင့် (ကင်မရာဒီဇိုင်းကလွဲလို့) Samsung fan တွေတော်တော်များများက သဘောသိပ်မတွေ့ကြပါဘူး။ ဒါပေမယ့်တစ်ဖက်မှာလည်း ကင်မရာဆိုင်ရာ တိုးမြှင့်မှုတွေ၊ 3D emoji အသစ်တွေကြောင့် S9 ကို ကြိုက်ကြတဲ့သူတွေကလည်းတော်တော်များများပါပဲ။

DJ Koh ဟာ Samsung Galaxy S9 အပေါ်တုံ့ပြန်မှုတွေဟာသူထင်ထားတာထက်ကိုကောင်းမွန်နေပါတယ်လို့ဆိုထားပါတယ်။ ပြီးတော့ သူကိုယ်တိုင်ကလည်း Galaxy S9 မှာ function အသစ်အများကြီး ထည့်သွင်းထားတဲ့အစား အသုံးပြုသူတွေစိတ်ကျေနပ်မှုရရှိဖို့ကိုပိုပြီးအားစိုက်ထားပါတယ်လို့ဆိုထားပါတယ်။ သာမာန်ဖုန်းအသုံးပြုသူတွေအနေနဲ့ ကင်မရာကိုသာတော်တော်များများအသုံးပြုကြတာမို့ Koh အနေနဲ့လည်း အသုံးပြုသူတွေစိတ်ကျေနပ်မှုရရှိအောင်ကင်မရာပိုင်းကို အားသွန်ခွန်စိုက်တိုးမြှင့်ထားတယ်လို့ပဲဆိုရမှာပါ။

မိတ်ဆွေအနေနဲ့ရော… Galaxy S9 ရဲ့ရောင်းအားအရေအတွက်ဟာ Galaxy S8 အရေအတွက်ထက်ကျော်တက်နိုင်မယ်လို့ ထင်မိလားဗျ ?

 

Via

,

Leave a Reply

Your email address will not be published. Required fields are marked *