၂၀၁၈ ဇန်နဝါရီအစောပိုင်းလောက်မှာထွက်ရှိမယ့် Samsung Galaxy A8 နဲ့ A8+

Samsung ရဲ့ A-series ဖြစ်တဲ့ Galaxy A8 နဲ့ A8+ တို့ ဇန်နဝါရီအစောပိုင်းလောက်မှာထွက်ရှိတော့မယ့်အကြောင်းကို လွန်ခဲ့တဲ့ရက်အနည်းအငယ်လောက်ကပဲ Samsung Company ကကြေညာခဲ့တာဖြစ်ပါတယ်။

Samsung Galaxy A8 နဲ့ A8+ ကို ဗီယက်နမ် မှာစတင်ဖြန့်ချီမှာပါ။ ဖြန့်ချီမယ့်ရက်ကတော့ ဇန်နဝါရီလ ၆ရက်နေ့ ဖြစ်ပါတယ်။ စတင်ဖြန့်ချီမယ့် ဗီယက်နမ် မာကတ်တစ်ခုတည်းအတွက်သာ ရက်အတိအကျကြေညာထားတာဖြစ်တာကြောင့် ဖြန့်ချီဖို့ကျန်ရှိနေတဲ့ အခြား မာကတ်တွေအတွက် ရက်အတိအကျမသိမပြောနိုင်သေးတာပါ။ လွန်ခဲ့တဲ့ရက်အနည်းအငယ်က A8(2018) အရောင်သုံးရောင်နဲ့ထွက်ရှိမယ့်အကြောင်းကို ကျွန်တော်တို့ ဖော်ပြခဲ့ပါသေးတယ်။

၂၀၁၈ မှာ အရောင် ၃ ရောင်နဲ့ထွက်ရှိလာမယ့် Samsung Galaxy A8 (2018)!

Display ပိုင်းမှာ Galaxy A8(2018) က ၅.၆ လက်မ၊ A8+(2018) က ၆ လက်မ အထိရှိနေပြီး ဖုန်းနှစ်ခုလုံးရဲ့ Screen Resolution ပိုင်းကလည်း 1080 x 2220 pixel  ရှိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ Samsung Galaxy A8(2018) နဲ့ A8+(2018) ဟာ Mid-range smart phone အမျိုးအစားထဲကပါ။ Mid-range smart phone အမျိုးအစားတွေကတွေများသောအားဖြင့် Display ပိုင်းက ၄ လက်မ လောက်ပဲရှိတတ်ကြပါတယ်။ အခုထွက်ရှိမယ့် Samsung Galaxy A8(2018) နဲ့ A8+(2018) ရဲ့ Display ပိုင်းက ၅ လက်မကျော် ၆ လက်မကျော်လောက်ထိရှိနေတာကြောင့် High-end အမျိုးအစားထဲ ဝင်တယ်လို့ ဆိုရမှာပါ။

တစ်ခုရှိတာက ၂၀၁၈ မှာထွက်ရှိမယ် ဆိုပေမယ့်လည်း Android 8 Oreo နဲ့တော့ရောက်ရှိလာမှာမဟုတ်ပဲ Android 7 Nougat နဲ့သာရောက်ရှိလာမှာဖြစ်ပါတယ်။ စျေးနှုန်းပိုင်းက Galaxy A8 အတွက် $485 ဖြစ်နေပြီး Galaxy A8+ အတွက်ကတော့ $595 ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာငွေနဲ့ကြည့်ရင် ၇ သိန်းကျော် ၈သိန်းနီးပါးလောက်ရှိပါတယ်။ ဖုန်း မထွက်ရှိခင် သတင်းတစ်ခုခုထပ်ပြီးတွေ့ရှိခဲ့ရင် ကျွန်တော်တို့ဘက်ကအသိပေးသွားမှာဖြစ်တာကြောင့် စိတ်ဝင်စားမှုရှိခဲ့ရင် ဆက်လက်စောင့်ကြည့်ကြဖို့ ဖိတ်ခေါ်ပါရစေ။

 

 

Source : phonearena

Leave a Reply

Your email address will not be published. Required fields are marked *