$200 အောက်နဲ့ဝယ်ယူနိုင်မယ့် Samsung Galaxy J4

Samsung Galaxy J4 ဟာလက်ရှိမှာ မိတ်ဆက်ထားခြင်းမရှိသေးတဲ့ Mid-range စမတ်ဖုန်းအမျိုးအစားဖြစ်ပေမယ့် ယူကရိန်းနိုင်ငံ Online Retailer တစ်ခုကတော့ Pre-order အဆင့်နဲ့စတင်ရောင်းချနေပြီဖြစ်ပါတယ်။ စျေးနှုန်းကို $185 ဝန်းကျင်သတ်မှတ်ပြီးရောင်းချနေတာဖြစ်ပါတယ်။ (Retailer ရောင်းချတဲ့စျေးနှုန်းအရ ကျွန်တော်တို့လည်း Galaxy J4 ကို $200 အောက်စျေးနှုန်းနဲ့ဝယ်ယူနိုင်ဖို့မျှော်မှန်းထားလို့ရမှာပါ။)

Galaxy J4 ရဲ့အရွယ်အစားဟာ ၅.၅ လက်မရှိနေပြီး HD (720p) resolution ပါဝင်တဲ့ Super AMOLED display ကိုအသုံးပြုထားပါတယ်။ Samsung ရဲ့ 1.4GHz quad-core Exynos 7570 processor ကိုအသုံးပြုထားပြီး 2GB (သို့) 3GB RAM နဲ့ရောက်ရှိလာမှာဖြစ်ပါတယ်။ နောက်ကင်မရာဟာ 13-Megapixel ရှိနေပြီး ရှေ့ကင်မရာကတော့ 5-Megapixel ရှိပါတယ်။ (2018 မော်ဒယ် ဆိုပေမယ့် Mid-range ထဲကဖြစ်နေလို့ Dual ကင်မရာမပါဝင်တာ မဆန်းတော့မဆန်းပါဘူး။) SIM ကဒ် နှစ်ခုတပြိုင်တည်းအသုံးပြုနိုင်မှာဖြစ်ပြီး 3,000 mAh ဘက်ထရီပါဝင်ပါတယ်။ Android Oreo version နဲ့ရောက်ရှိလာမှာဖြစ်ပြီး Samsung Experience 9.0 ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။

ထွက်ရှိလာတဲ့ပုံရိပ်တွေကိုကြည့်ရင် Samsung Galaxy J4 မှာ Fingerprint sensor မပါဝင်တာကိုတွေ့ရမှာပါ။ Samsung အနေနဲ့ Galaxy J4 ကို ဒီလအကုန်ပိုင်းလောက်မှာစတင်မိတ်ဆက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီတော့ စတင်ရောင်းချမှာက ဇွန်လထဲမှာဖြစ်မယ်လို့မျှော်မှန်းထားလို့ရမှာဖြစ်ပါတယ်။ အမည်း၊ မီးခိုး အစရှိတဲ့ Color option နှစ်မျိုးနဲ့ထွက်ရှိလာမှာပဲဖြစ်ပါတယ်။

အရွယ်အစားအနေတော်နဲ့ နောက်ဆုံးပေါ် Mid-range စမတ်ဖုန်းကို ဝယ်ယူဖို့ချိန်နေတဲ့ မိတ်ဆွေတွေအတွက်တော့ Galaxy J4 (2018) ကရွေးချယ်စရာတွေထဲကတစ်ခုဖြစ်နေမှာပါ။ (တစ်လနီးပါးလောက်စောင့်ပြီးရင်ပေါ့ ?)

 

Source 1, 2

Via

,

Leave a Reply

Your email address will not be published. Required fields are marked *