Under-display fingerprint feature နဲ့မိတ်ဆက်လာနိုင်ခြေရှိတဲ့ Samsung Galaxy Note 9

Samsung Galaxy Note 9 ဟာ Under-display fingerprint feature နဲ့ရောက်ရှိလာတော့မယ့်အကြောင်းကိုတော့ တောင်ကိုရီးယားသတင်းဝက်ဘ်ဆိုဒ် တစ်ခုမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကဖော်ပြခဲ့တာဖြစ်ပါတယ်။ Note 9 အတွက် ကနဉီး ထွက်ရှိခဲ့တဲ့သတင်းမှာ Under-display fingerprint feature ကို Note 9 မှာထည့်သွင်းဖို့ မျက်နှာပြင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အခက်အခဲတွေရှိနေတာကြောင့် Note 9 ရဲ့နောက်ထွက် Series ရောက်မှသာထည့်သွင်းဖို့ အစီအစဉ်ဆွဲထားတယ်လို့ဖော်ပြထားပေမယ့် လွန်ခဲ့တဲ့ရက်ကထွက်ရှိခဲ့တဲ့ ကိုရီးယား သတင်းဝက်ဘ်ဆိုဒ် အရတော့ Note 9 မှာ Under-display fingerprint feature ပါဝင်ဖို့အကြောင်းဖန်လာပြီပဲဖြစ်ပါတယ်။

Under-display fingerprint feature ဆိုတဲ့အတိုင်း Fingerprint Sensor ဟာ ဖုန်းမျက်နှာပြင်ရဲ့အောက်မှာတည်ရှိနေမှာပါ။ မြင်သာအောင် ပြောရရင် Vivo ရဲ့ X20 Plus မှာပါဝင်တဲ့ Under-display fingerprint feature လိုပါပဲ။ စွမ်းဆောင်ရည်ပိုင်းကတော့ မသိမသာကွာဟနေမှာပါ။

Note 9 ကိုမိတ်ဆက်မယ့်အချိန်ကိုတော့ လာမယ့် သြဂုတ်လထဲမှာပဲဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ အချိန်ကာလကတော့ ၂၀၁၇ တုန်းက Note 8 ကိုမိတ်ဆက်ခဲ့တဲ့ အချိန်နဲ့တစ်သားတည်းလို့တောင်ပြောလို့ရပါတယ်။

Note 9 ရဲ့ ကုတ်နာမည်ဟာ Crown ဖြစ်ပြီး Infinity Display 2.0 အသုံးပြုလာမှာပါ။ ဖုန်းရဲ့အရွယ်အစားဟာ ၆.၃ လက်မရှိပြီး Super AMOLED ရုပ်ထွက်နဲ့ရောက်ရှိလာမှာပါ။ RAM 6GB နဲ့အတူ Galaxy S9 တုန်းကလိုပဲ Snapdragon 845 နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ OS ပိုင်းကိုတော့ Android ရဲ့ Oreo version နဲ့ရောက်ရှိလာမှာဖြစ်တယ်လို့မျှော်လင့်ထားလို့ရပါတယ်။

အခုလို Fingerprint အပိုင်းသိသိသာသာပြောင်းလဲမှုကြီးဟာ မကြာခင်ထွက်ရှိတော့မယ့် Galaxy Note 9 မှာမှမဟုတ်ပါဘူး၊ ထွက်ရှိထားတာမကြာသေးတဲ့ Galaxy S9 မှာကတည်းကသိသိသာသာပြောင်းလဲမှုဖြစ်ပေါ် နေတာပါ။ Fingerprint Sensor ဟာ S9 ဖုန်းရဲ့အနောက်ဘက်မှာဖြစ်နေပြီး အသုံးပြုရအဆင်ပြေအောင် ဘောင်လေးတစ်ခုပါဖန်းတီးပေးထားတဲ့ပြောင်းလဲမှုပါ။ Galaxy Note 9 ရဲ့ UD fingerprint feature ကိုရောဘယ်လိုတွေအသုံးပြုရအဆင်ပြေအောင် ဖန်းတီးပေးဉီးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

မိတ်ဆွေအနေနဲ့ Samsung Galaxy S9 ရဲ့ အနောက်ဘက်မှာ Fingerprint Sensor ပါဝင်မှုကိုကြိုက်နှစ်သက်လား (သို့) Samsung Galaxy Note 9 ရဲ့ မျက်နှာပြင်အတွင်းပိုင်းမှာ Fingerprint display ပါဝင်မှုကိုကြိုက်နှစ်သက်လား ? (တစ်ခုတော့ဖြေပါ.. ?)

 

Source (In Korea)

, ,

Leave a Reply

Your email address will not be published. Required fields are marked *