Galaxy Note 9 အတွက် Color option အသစ်တစ်ခုကို Samsung မှကြေညာ

ခဏခဏ delay ဖြစ်ဖြစ်သွားတဲ့ Samsung Galaxy Note 9 ကိုလာမယ့် သြဂုတ်လမှာတရားဝင် မိတ်ဆက် တော့မယ်လို့ Samsung က အတည်ပြုလိုက်ပါပြီ။ အဲ့တာကြောင့် သူ့ရဲ့ feature အပြည့်အစုံကို သြဂုတ်လ ၉ ရက်နေ့မှာ မြင်ရဖို့ သေချာသလောက်ရှိနေပါပြီ။ Samsung က Galaxy Note 9 ကိုတရားဝင်မိတ်မဆက်သေးခင်မှာ Note 9 ရဲ့ feature တွေနဲ့ သူ့ရဲ့ S Pen အကြောင်းကိုအသုံးပြုသူတွေ သိရှိစေဖို့ နမူနာဗီဒီယိုအတိုလေးတွေ ချပြခဲ့ပါတယ်။

See also – Samsung Galaxy Note 9 ရဲ့ S Pen မှာ ဘာ feature တွေပါလာမှာလဲ ???

နမူနာ ဗီဒီယိုတွေကြောင့် Note 9 “S pen” ရဲ့ ကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုအသစ်တွေကို လတ်တလောမှာ လူစိတ်ဝင်စားမှုရရှိနေတာဖြစ်ပါတယ်။ S Pen အပြင် Note9 မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အခြား အရာတစ်ခုလည်းရှိပါသေးတယ်။ သူကတော့ အခြားမဟုတ်ပါဘူး။ စွဲမက်ဖွယ်ကောင်းတဲ့အရောင် ကာလာ တစ်ခု ထပ်ပေါင်းလာတယ်ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။ အဲ့လိုအရောင်မျိုးတွေကို Smartphones တွေတော်တော်များများမှာတော့ တွေ့ရလေ့ သိပ်ပြီးမရှိပါဘူး။

ဘာအရောင်လေးဖြစ်မယ်လို့ထင်လဲ???

Trailer ဗီဒီယို အတိုလေးမှာ တွေ့ရတဲ့ အရောင်ကတော့ အဝါရောင်လေးပါ။ (Trailer ဗီဒီယိုကအောက်မှာရှိပါတယ်။) ဒါပေမယ့် Galaxy S7, S8, S9 နဲ့ Note 8 တို့လိုရွှေရောင်တော့ မပေါက်ပါဘူး။ အဝါရောင်ကို တောက်တောက်ပပလေးနဲ့ ရွှဲရွှဲစိုစိုလေးတွေ့ရမှာပါ။ အရမ်းအဝါ ရင့်ရင့်ကြီးလည်းမဟုတ်ပါဘူး။ ဝါတာတာလေးပါ။ အဝါဆိုတဲ့အရောင်ကို လူ တော်တော်များများမကြိုက်ကြပါဘူး။ ဘာလို့လဲဆိုတော့ မျက်လုံးထဲကြည့်ရတာအရမ်းကိုတောက်တောက်ပပကြီးဖြစ်နေလို့ပါ။

ဒါပေမယ့် အခု Note9 ရဲ့ အဝါကာလာလေးက တကယ့်အပြင်မှာတွေ့တာတောင်မဟုတ်သေးပါဘူး။ ဓာတ်ပုံထဲမှာတင်တော်တော်လေးကိုဆွဲဆောင်မှုရှိနေပါတယ်။ Note 9 အတွက် အတည်ပြုထားတဲ့ အခြား အရောင်တွေကတော့ black, grey, lavender နဲ့ bright blue ဆိုတဲ့အရောင် ၄ရောင်ပဲဖြစ်ပါတယ်။

အောက်က စက္ကန့်ပိုင်းလောက်ပဲရှိတဲ့ နမူနာ ဗီဒီယို အတိုလေးထဲမှာ Galaxy Note 9 ကိုဘယ်လိုကောင်းမွန်တဲ့ နည်းပညာတွေတဲ့ ဖန်တီးထားလဲဆိုတာကို အထင်အရှားတွေ့ရှိနိုင်ပါတယ်။ အဝါရောင် ကာလာလေးနဲ့ ဆွဲဆောင်မှုရှိနေတဲ့ ဗီဒီယိုလေးကို ကြည့်လိုက်ကြပါဦး။

ဗီဒီယိုထဲမှာနောက်ထပ်ထူးခြားချက်တစ်ခုလည်းရှိနေပါတယ်။ အဲ့တာက S pen ရဲ့ ထိပ် က “Clicker” လေးကို သတိထားပြီးကြည့်ကြည့်လိုက်ပါ။ အပြာရောင်လေးဖြစ်နေပါတယ်။ Samsung Galaxy Note series တိုင်းမှာ တွေ့ရတတ်တဲ့ Pen တွေမှာ clicker နဲ့ Pen ကိုယ်ထည်နဲ့က တစ်ရောင်တည်း တစ်ဆက်တည်းတွေပါ။ အခုလို မျိုး အရောင်စပ်ထားတဲ့ ပုံစံကိုတော့ အခုမှတွေ့ရတာဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်မှုမလုပ်ရသေးတာကြောင့် သေတော့ မသေချာသေးပေမယ့် Video ထဲမှာ Pen ရဲ့ “clicker” လေး ပြာနေတာကတော့ အမှန်ပါပဲ။ Note 9 ရဲ့ အဝါရောင် ကာလာလေးက Limited edition နဲ့ထွက်ရှိလာမှာလား။ အသစ်ထပ်ပေါင်းတဲ့ new color အနေနဲ့ ရောက်လာ မှာလားဆိုတာတော့ အခုချိန်ထိ သေသေချာချာ မသိရသေးပါဘူး။ ခိုင်လုံတဲ့ သတင်း တွေကို အတည်ပြုပေးမယ့် သြဂုတ်လ ၉ ရက်နေ့ရောက်ရင်တော့ Samsung ချစ်သူတို့အတွက် အတိအကျ ဖော်ပြပေးသွားပါမယ်နော်။

ကဲ… Asiaapp ကဘော်ဘော်တို့ရေ Trailer Video လေးကြည့်ပြီး ဘယ်လိုလဲ။ Note 9 လေးရဲ့ Yellow version လေးကို ကြိုက်မှ ကြိုက်ကြရဲ့လား ?

 

Source Via

,

Leave a Reply

Your email address will not be published. Required fields are marked *