Galaxy S8 / S8+, Note 8 တို့အတွက် Always-On Display ကို GIF ပုံစံပြောင်းလဲလိုက်တဲ့ Samsung

ဆန်းသစ်တီထွင်မှုတွေ အမြဲတမ်း ဖန်တီးလေ့ရှိတဲ့ နာမည်ကြီး mobile ဖုန်းကုမ္ပဏီ Samsung ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က S7 နဲ့ S7 edge တို့နဲ့ စတင်ပြီး Always-On Display ကို မိတ်ဆက် ခဲ့တာပဲဖြစ်ပါတယ်။ အဲ့အချိန်ကစပြီး လူတွေစိတ်ကို ဖမ်းစားနိုင်မယ့် ပြောင်းလဲချက်တွေကိုဆက်လက်တီထွင်ဖန်တီးခဲ့ပါတယ်။

ငြိမ်သက်နေတဲ့ ပုံရိပ်တွေထက် လှုပ်ရှားနေတဲ့ ရုပ်ပုံတွေက အသုံးပြုသူတွေရဲ့ စိတ်ကို ပိုပြီးဖမ်းစားနိုင်တာကြောင့် Always-On Display ကို GIFs အဖြစ် S8,S8+, နဲ့ Note8 တို့တွေမှာပေါင်းထည့်ခဲ့ပါတယ်။ Always-On Display မှာ အချိန်နဲ့ ရက်စွဲကိုဖော်ပြတဲ့ စာလုံးလေးတွေက လှုပ်စိလှုပ်စိ လေးတွေဖြစ်နေတော့ ကြည့်ရတာတော့ ပိုပြီး အသက်ဝင်နေမှာပါ။

Image Source: Android Police

Samsung ဟာ GIF feature မတိုင်ခင်ကလည်း Always-On Display အတွက် Theme ပုံစံပြောင်းလဲခြင်း၊ ဓာတ်ပုံများပေါင်းထည့်ခြင်း၊ နာရီ ဒီဇိုင်းရွေးချယ်ခြင်း တို့ကို ခွင့်ပြုပေးခဲ့ပါတယ်။ အခု GIF features ကတော့ Samsung ရဲ့နောက်ဆုံးပြောင်းလဲချက်တစ်ခုဖြစ်ပါတယ်။

Always-On Display GIF feature အတွက် Gallery ထဲမှာရှိတဲ့ ဓာတ်ပုံ GIF တစ်ခုခုကို ထည့်သုံးလို့ရပေမယ့် ဘက်ထရီ အရမ်းစားတာကြောင့် သူ့ရဲ့ original GIF feature ကိုပဲအသုံးပြုသင့်တယ်လို့ အကြံပြုချင်ပါတယ်။ GIF feature ဟာ အမြဲတမ်းလှုပ်နေမှာမဟုတ်ပဲ screen တစ်ချက်လှုပ်သွားတဲ့ အချိန်တစ်ကြိမ်ပဲ လှုပ်မှာပါ။ တစ်ကြိမ်ထက် ပိုပြီး လှုပ်ရှား စေချင်ရင်တော့ screen ကို နှစ်ချက်တောက်ပေးရမယ်လို့သိရပါတယ်။ အဲ့တာကြောင့် သင့်ရဲ့ဖုန်းက S8 , S8+ နဲ့ Note8 အမျိုးအစားတွေထဲက တစ်ခုခု ဆိုရင်တော့ version update ကို 3.2.26.4 မြှင့်ပေးပြီး Always-On Display ကို အသုံးပြုနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်…

 

Via 1, 2, 3

,

Leave a Reply

Your email address will not be published. Required fields are marked *