Samsung Galaxy S9 နဲ့ S9+ ဆီစတင်ရောက်ရှိလာပြီဖြစ်တဲ့ Android Pie update 

Google ရဲ့ နောက်ဆုံးပေါ် Operating System ဖြစ်တဲ့ Android Pie ဟာတော့ Samsung ရဲ့ flagship device Galaxy S9 နဲ့ S9+ ဆီကို beta program အနေနဲ့ပြီးခဲ့တဲ့ အပတ်လောက်ကစတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုခရတ်စ္စမတ်အကျော်နားလောက်မှာတော့ stable version အနေနဲ့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Android Pie update ဟာ Galaxy S9 နဲ့ S9+ ဆီကို OTA စနစ်နဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ Update မှာအဓိကပြောင်းလဲသွားတာကတော့ Samsung Experience interface နဲ့ Autofill API တို့ဖြစ်ပြီး Android ရဲ့ Digital Wellbeing ပါ ပါဝင်လာတာကိုတွေ့ရမှာပါ။

Update ဟာလက်ရှိမှာ သြရောပတိုင်းပြည်တွေဖြစ်တဲ့ Germany, Switzerland, Italy, Netherlands တို့နဲ့ United Arab Emirates (UAE), Turkey အစရှိတဲ့ region တွေဆီပဲရောက်ရှိနေသေးတာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ region တွေကိုတော့ မကြာခင်အချိန်အတွင်းရောက်ရှိလာတော့မယ်လို့ မျှော်မှန်းထားနိုင်ပါတယ်။ Android Pie update ကိုတော့ Setting ထဲက Software update ကနေတဆင့်မြှင့်တင်နိုင်ပါတယ်။

ကျွန်တော်ဒီမှာဖော်ပြခဲ့တာကတော့ Pie update မှာပြောင်းလဲသွားမယ့် အဓိကအချက်လေးတွေဖြစ်ပါတယ်။ Android Pie update ဟာ Galaxy device အတွက်ဘာတွေပြောင်းလဲသွားတယ်ဆိုတာ အသေးစိတ် သိချင်ရင်တော့ ဒီလင်ခ့်ကနေတဆင့်သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

Source, Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *