Samsung Galaxy S9 Sunrise Gold edition ရဲ့ပုံရိပ်တွေထွက်ရှိလာပြီ

Samsung Galaxy S9 ရဲ့ Color option အသစ်တစ်ခုဖြစ်တဲ့ Sunrise Gold edition ကတော့ Mobile tipster တစ်ဉီးဖြစ်သူ Evan Blass ရဲ့ Tweet post ကနေတဆင့်သိရှိခဲ့ရတာပဲဖြစ်ပါတယ်။ Sunrise Gold edition နဲ့ပတ်သက်ပြီး Samsung ကတော့ အတည်ပြုပေးခြင်းမရှိသေးပါဘူး။ “The Verge” ရဲ့ “Samsung Galaxy S9 Sunrise Gold edition ဟာချစ်ဖွယ်ကောင်းပေမယ့် U.S ကိုရောက်ရှိလာနိုင်မှာမဟုတ်ဘူး” ဆိုတဲ့ Twitter post တစ်ခုကို “အို.. တကယ်လား” ဆိုတဲ့ Blass ရဲ့ reply ကနေတဆင့် ဒီသတင်းဟာပေါက်ကြားသွားတာပဲဖြစ်ပါတယ်။

See also – Samsung Galaxy S9/S9+ တို့ရဲ့ Red edition ကတော့ တရုတ် Official website မှာဖော်ပြခြင်းခံလိုက်ရပြီနော်

Galaxy S9/S9+ အတွက် Red Edition ဟာတော့ မေလအစပိုင်းလောက်က တရုတ်နဲ့ ကိုရီးယားတို့မှာ စတင်ဖော်ပြလိုက်ပြီး အခုဆိုရင်တော့ Sunrise Gold edition ထွက်ရှိလာဖို့ပါ အလားအလာရှိနေပြီပဲဖြစ်ပါတယ်။ Sunrise Gold edition ကို လာမယ့်ဇွန်လကစတင်ပြီး မာကတ်အချို့မှာတွေ့မြင်ရမှာဖြစ်တယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။ သေချာတာတစ်ခုကတော့ U.S မှာပထမဉီးဆုံးရောင်းချမယ်ဆိုတာပါပဲ။

အဲ့တော့ Galaxy S9/S9+ ကို Midnight Black, Titanium Gray, Coral Blue, Lilac Purple တို့အပြင် Sunrise Gold နဲ့ Burgandy Red အစရှိတဲ့ Color option များစွာနဲ့ ဝယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်။ (စိတ်ကြိုက်ရွေးဖို့ဆိုရင် စိတ်တော့အနည်းငယ်ရှည်ရမှာပါ။)

 

Source Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *