ခေါက်/ ဖြန့်ပြုလုပ်နိုင်တဲ့ Galaxy Fold ရဲ့ဒီဇိုင်းအနေအထားကို Samsung မှအတည်ပြု

ခေါက်နိုင်/ ဖြန့်နိုင်ပြုလုပ်နိုင်တဲ့ Samsung ရဲ့ Foldable စမတ်ဖုန်း Galaxy Fold ကို ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ CES 2019 မှာချပြမိတ်ဆက်သွားမယ်လို့မျှော်လင့်ခဲ့ပေမယ့် ထင်ထားသလိုဖြစ်မလာပဲ CES 2019 မှာ တရုတ်အခြေစိုက် Royole ကုမ္ပဏီရဲ့ FlexPai ကိုသာ ကမ္ဘာ့ပထမဉီးဆုံး Foldable စမတ်ဖုန်းအဖြစ်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Samsung ဟာသူ့ရဲ့ Foldable စမတ်ဖုန်းကို CES မှာမိတ်ဆက်သွားခြင်းမရှိပေမယ့် ဖုန်းနဲ့ပတ်သက်တဲ့ ဒီဇိုင်း Prototype ကိုတော့သူ့ရဲ့ အဓိကမဟာမိတ်အဖွဲ့အစည်းတွေကို ချပြပြီးအတည်ပြုခဲ့တယ်လို့သိရပါတယ်။ Foldable ဆိုတဲ့အတိုင်း သူ့ရဲ့အဓိက feature က ခေါက်နိုင်/ ဖြန့်နိုင် ပြုလုပ်နိုင်တာဖြစ်ပါတယ်။ ခေါက်ထားတဲ့အချိန်မှာဆိုရင် စမတ်ဖုန်းတစ်ခုလိုအသုံးပြုနိုင်မှာဖြစ်ပြီး ဖြန့်ထားတဲ့အချိန်ဆို Tablet တစ်ခုလိုအသုံးပြုနိုင်မှာပါ။ ပြီးခဲ့တဲ့လအနည်းငယ်ကထွက်ရှိလာတဲ့ prototype ကိုပဲအတည်ပြုထားတဲ့ သဘောဖြစ်တဲ့အတွက် ဒီဇိုင်းကတော့ ပြောင်းလဲသွားတာမျိုးမရှိပါဘူး။

ဖုန်းအနေအထားအသုံးပြုမယ်ဆိုရင် ပုံမှန်ထက်ကိုထူနေမှာဖြစ်ပြီး Tablet အနေအထားဆိုရင်တော့ပါးလွှာတဲ့အနေအထားနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇိုင်း prototype ကအိုကေနေပြီဖြစ်ပေမယ့် ဖုန်းကအဆုံးထိခေါက်ချိုးလိုက်မယ်ဆိုရင် ကျိုးသွားနိုင်တဲ့အနေအထားရှိနေပါတယ်။ အဲ့ဒီအချက်ကို ပြုပြင်ချင်သေးလို့ Samsung ဟာ Galaxy Fold ကိုမိတ်ဆက်ချိန်နောက်ဆုတ်လိုက်တယ်လို့ယူဆရမှာပါ။ Galaxy Fold မိတ်ဆက်မယ့်ရက်ကိုအတိအကျမသိရှိရသေးပေမယ့် နောက်လ ဖေဖော်ဝါရီလမှာကျင်းပသွားမယ့် MWC 2019 မှာမိတ်ဆက်လာနိုင်တယ်လို့တော့ မျှော်လင့်ထားလို့ရပါတယ်။

Via

,

Leave a Reply

Your email address will not be published. Required fields are marked *