Galaxy S8 နဲ့ S8+ အတွက် Rose Pink edition ဖန်တီးလိုက်တဲ့ Samsung!

Samsung Galaxy S8 နဲ့ S8+ အတွက် Rose Pink edition ကိုတော့ ပြီးခဲ့တဲ့ဇန်နဝါရီ ၃ ရက်နေ့က UK မှာဖြန့်ချီခဲ့တာဖြစ်ပါတယ်။

LONDON, UK – 3rd January 2018 – Samsung Electronics has today announced the launch of the Rose Pink version of the Galaxy S8 and S8+ smartphone in the UK.
Source :news.samsung.com

Rose Pink edition ဟာ UK ကိုမရောက်ခင် Taiwan, North America နဲ့ Europe အစရှိတဲ့နိုင်ငံတွေမှာ ၂၀၁၇ ခုနှစ်ကတည်းကရောက်ရှိနေပြီဖြစ်ပါတယ်။ S8 အနေနဲ့ စျေးနှုန်းအပိုင်းကတော့ အရင်ကထက်အများကြီး ကျဆင်းသွားပါတယ်။ Galaxy S9 ကလည်းထွက်ရှိဖို့သိပ်မလို၊ Rose Pink edition ကလည်းကျက်သရေရှိပြီးလှနေ တာကြောင့် ဝယ်သင့်/မဝယ်သင့်စဉ်းစားရတာ အနည်းငယ်တော့ အကြပ်ရိုက်စေမှာပါ။

S8 ဟာ Midnight Black, Orchid Gray, Coral Blue နဲ့ Arctic Silver အစရှိတဲ့အရောင်တွေနဲ့ ထွက်ရှိထားဖူးပါတယ်။ Rose Pink ဟာနောက်ဆုံးထွက်ထားတဲ့ အရောင်ဖြစ်တာကြောင့် Latest edition လို့လဲဆိုနိုင်ပါတယ်။ Latest edition ဆိုပေမယ့် dual sim version တော့မဟုတ်ပြန်ပါဘူး။

 

, ,

Leave a Reply

Your email address will not be published. Required fields are marked *