၂၀၁၈ MWC (Mobile  World Congress) မှာထုတ်ဖော်ပြသမယ့်  Samsung Galaxy S9

South Korea မှာရှိနေတဲ့ Samsung အမိ Company ကြီးက Samsung Brand ထဲက S series (High-end) Smart Phone အမျိုးအစားကို လာမယ့် ဖေဖော်ဝါရီ နောက်ဆုံးအပတ် MWC ကျင်းပတဲ့အချိန်မှာ ထုတ်ဖော်ပြမယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ Samsung Galaxy S9 ရဲ့ကြီးမားတဲ့ Technology ကိုအချိန်စောပြီး ထုတ်ဖော်ပြသချင်ခဲ့တာ Apple ရဲ့ နောက်ဆုံးပေါ်  High-end Smart ဖုန်းအမျိုးအစားဖြစ်တဲ့ iPhone X ကြောင့်ဆိုပေမယ့်လဲ Samsung Galaxy S8/S8+ ရဲ့ Technology က iPhone X ထက်နှိမ့်မနေတာကြောင့် အစီအစဉ်အတိုင်းဆက်ပြီးဆောင်ရွက်သွားဖြစ်ပါတယ်။

MWC မှာထုတ်ဖော်ပြသတာက မကြာခင်ထွက်ရှိတော့မယ်ဆိုတဲ့သဘောကိုပြတာပါ။ အဟုတ်ပါပဲ၊ S9 ထွက်ရှိမယ့် အချိန်ကို ၂၀၁၈ မတ်လအလယ်လောက်လို့ သတ်မှတ်ထားတာလဲဖြစ်ပါတယ်။ MWC ကျင်းပမယ့်အချိန်တွေကတော့ ၂၀၁၈ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိဖြစ်ပါတယ်။ Samsung Galaxy S9 ကိုမိတ်ဆက်မှာကတော့ ၂၇ ရက်နေ့ဖြစ်ပါတယ်။

ကျင်းပမယ့်နေရာကတော့ Spain မှာရှိတဲ့ Barcelona မှာပါ။ Samsung Brand ကိုကြိုက်နှစ်သက်သူတွေ သွားရောက်နိုင်ပါတယ်။ Samsung Galaxy S9 မှာဘာ Function အသစ်တွေထပ်ပါလာမလဲဆိုတာကတော့ မတ်လအလယ်လောက်မှာ သိရှိရမှာပဲဖြစ်ပါတယ်။

 

 

Source : gsmarena

Leave a Reply

Your email address will not be published. Required fields are marked *