Samsung ရဲ့ Galaxy S series ဟာ “X” အဖြစ်သို့ပြောင်းလဲမည်ဟုသတင်းထွက်ရှိ

Samsung အနေနဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကျော်လောက်မှာကျင်းပမယ့် MWC 2018 မှာ Galaxy S series ရဲ့နောက်ဆုံး model S9 ကိုချပြပြီးရင်တော့ “S” နေရာမှာ “X” ကိုအစားထိုးတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အဲ့တော့ နောက်ပိုင်းထွက်ရှိမယ့် Model က Samsung Galaxy X ဖြစ်သွားမှာပါ (ခေါ်ရတာတော့တစ်မျိုးကြီး)။ မှန်/မမှန်တော့ တိတိကျကျမပြောနိုင်သေးပေမယ့် အဲ့လိုသတင်းတွေထွက်ရင် တကယ်ဖြစ်သွားတာကများပါတယ်။

“X” နဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေသတင်းနောက်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ “S” ကြီးကိုလုံးဝဖြုတ်လိုက်တာမျိုးမဟုတ်ပဲ S9 ရဲ့နောက်က series တွေကျရင် SX, S11.. အစရှိတဲ့ပုံစံမျိုးပြောင်းသွားတာပါ။ X ကတော့ 10 ကိုကိုယ်စားပြုပြီး အနီးစပ်ဆုံးပြောရရင် iPhone X လိုမျိုးပေါ့။ Galaxy SX (သို့) Galaxy X ဟာ ဇန်နဝါရီလအစောပိုင်းလောက်က CES မှာပြောကြားခဲ့တဲ့ Samsung ရဲ့ ခေါက်နိုင်ဖြန့်နိုင် Smart Phone နဲ့ချိတ်ဆက်မှုရှိနေတယ်လို့လဲသတင်းထွက်ရှိထားပါတယ်။

သတင်းတွေကတော့ အမျိုးအမျိုးပါပဲ။ Galaxy S9 တောင်လက်ထဲရောက်ဖို့ ၁ လ လောက်လိုသေးတာကြောင့် Galaxy SX (သို့) Galaxy X ကိုတွေ့ရဖို့ဆိုရင် အနည်းဆုံး ၁ နှစ်/ ၂ နှစ်လောက်လိုဉီးမှာဖြစ်ပါတယ်။ “X” နဲ့ပတ်သက်ပြီး ကြားထဲကအချိန်တွေမှာ ဘယ်လိုသတင်းတွေထပ်မံထွက်ရှိလာဉီးမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ အခုလောလောဆယ်တော့ မိတ်ဆက်ဖို့ ၁၀ ရက်ကျော်လောက်သာလိုတော့တဲ့ Galaxy S9 အတွက်အရင် ရင်ခုန်ရမှာပဲဖြစ်ပါတယ်။

 

Source (Russian)

, ,

Leave a Reply

Your email address will not be published. Required fields are marked *