Infinity Flex Display ကိုမိတ်ဆက်လိုက်တဲ့ Samsung, Foldable display ရဲ့ Specification ပါထွက်ရှိလာ

Samsung ဟာတော့ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ဆန်ဖရန်စစ္စကို မှာ ကျင်းပခဲ့တဲ့ SDC18 (Samsung Developer Conference 2018) မှာ Foldable စမတ်ဖုန်းအမျိုးအစားရဲ့ Display technology ဖြစ်တဲ့ Infinity Flex Display ကိုစတင်မိတ်ဆက်ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ Samsung အနေနဲ့ ခေါက်နိုင်/ ဖြန့်နိုင် စမတ်ဖုန်းအမျိုးအစားအတွက် ကြိုးစားနေတာ နှစ်အနည်းငယ် ကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့တဲ့ CES 2018 တုန်းက ဒီနှစ် ၂၀၁၈ အတွင်းမှာ Foldable စမတ်ဖုန်းအမျိုးအစားထွက်ရှိနိုင်အောင် ကြိုးစားသွားမယ်လို့ CEO ဖြစ်သူကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ခေါက်သိမ်းထားတဲ့အချိန်မှာဆိုရင် Phone mode, ဖြန့်ထားတဲ့အချိန်မှာဆိုရင် Tablet mode အစရှိတဲ့ Mode နှစ်မျိုးအသုံးပြုနိုင်မယ့် Hybrid device မျိုးဖြစ်တာကြောင့် တော်တော်များများကြိုက်နှစ်သက်ကြမယ့်ဖုန်းအမျိုးအစားဖြစ်နေမှာပါ။ Foldable စမတ်ဖုန်းအမျိုးအစားအတွက် Samsung တင်မဟုတ်ပါဘူး၊ LG, Motorola, Huawei, Xiaomi အစရှိတဲ့ စမတ်ဖုန်းကုမ္ပဏီအပါအဝင် ကုမ္ပဏီတော်တော်များများက ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Start-up ကုမ္ပဏီဖြစ်တဲ့ Royale ကတော့ Foldable စမတ်ဖုန်းကို မိတ်ဆက်ပြီးနေပြီဖြစ်ပါတယ်။ (ဒီအကြောင်းကို LG ရဲ့ Foldable စမတ်ဖုန်းအကြောင်း ပြောရင်း ကျွန်တော်တို့ Asiaapps ကဖော်ပြခဲ့ပြီးပါပြီ။ ဒီကနေ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။)

Infinity Flex Display အတွက် Display specification ကတော့ ခေါက်ထားတဲ့အချိန်နှင့် ဖြန့်ထားတဲ့အချိန်အပေါ်မှုတည်ပြီး နှစ်မျိုးထွက်ရှိလာတာပဲဖြစ်ပါတယ်။ ပထမဉီးဆုံးကတော့ Screen density (သို့) Pixel density ပါ။ Screen density ကတော့ ခေါက်ထားတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ဖြန့်ထားတဲ့အချိန်မှာပဲဖြစ်ဖြစ် 420 dpi ကို standard အနေနဲ့ထားထားတာပဲဖြစ်ပါတယ်။

နောက်တစ်ခုကတော့ aspect ratios ပါ။ Aspect ratios က ဖုန်းကိုခေါက်ထားတဲ့အချိန်မှာဆိုရင် 21:9 အထိမြင်တွေ့ရမယ်လို့သိရပါတယ်။ လက်ရှိစမတ်ဖုန်းလောကမှာ aspect ratios အများဆုံးတောင် 16:9 ပဲရှိပါသေးတယ်။ သူက 21:9 ဆိုတော့ မိတ်ဆွေမြင်ဖူးသမျှဖုန်းတွေထဲမှာ ရှည်မျှောမျှောအဖြစ်ဆုံး ဖြစ်နေမှာပါ။ (ဒါကြီးက ဂိမ်းဆော့တဲ့အချိန်၊ ဗီဒီယိုကြည့်တဲ့အချိန်မှာဆိုရင်တော့ သိပ်ဟန်လောက်မှာမဟုတ်ပါဘူး။)… ဖုန်းကို ဖြန့်ထားလိုက်မယ်ဆိုရင်တော့ aspect ratio ကို 4.2:3 လောက်အထိပဲ မြင်တွေ့ရမှာပါ။

နောက်ဆုံးတစ်ခုကတော့ Screen size ပါ။ ဖုန်းမျက်နှာပြင်အရွယ်အစားက ခေါက်ထားတဲ့အချိန်ဆို 4.3 လက်မရှိနေမှာဖြစ်ပြီး ဖြန့်ထားမယ်ဆိုရင်တော့ 7.3 လက်မအထိရှိနေမယ်လို့ သိရပါတယ်။ ကျွန်တော်အရင်က Galaxy Mega ကိုင်တုန်းကတော့ 6.4 လက်မကို တော်တော်လေးမနိုင်မနင်းတွေဖြစ်နေတာ၊ အခု 7.3 လက်မဆိုတော့ အပြင်ရောက်နေတဲ့အခါ ဖြန့်ကိုင်မယ်ဆိုရင်တော့ gg ပါပဲ။ ?)

အပေါ်မှာဖော်ပြခဲ့တာတွေကတော့ Samsung Foldable စမတ်ဖုန်းရဲ့ Display ပိုင်း specification တွေပဲဖြစ်ပါတယ်။ ဖုန်းနဲ့ပတ်သက်တဲ့ Release date ကတော့ လက်ရှိမှာ အတိအကျမသိရသေးပေမယ့် လာမယ့် ၂၀၁၉ ဇန်နဝါရီလမှာ ကျင်းပမယ့် CES 2019 မှာ မိတ်ဆက်ဖြန့်ချီသွားမယ်လို့ မျှော်မှန်းထားနိုင်ပါတယ်။ Mass production ကတော့ CES အပြီးတစ်လကျော် နှစ်လ လောက်မှာ ဖြစ်ဖို့ကိုလည်း မျှော်လင့်ထားလို့ရပါတယ် ခင်ဗျာ။ ကြားထဲမှာ ထူးခြားတဲ့သတင်းတစ်ခုထွက်ရှိလာရင်လည်း အခုလိုမျိုးဆက်လက်ဖော်ပြပေးသွားဉီးမှာဖြစ်တာမို့ ဆက်လက်စောင့်ကြည့်ကြဖို့ ဖိတ်ခေါ်ပါရစေ။

Source 1, 2 Via

, , , ,

Leave a Reply

Your email address will not be published. Required fields are marked *