Foodie တွေအတွက် Sarmal

ပိတ်ရက်မှာ ဘာစားရမလဲ ခေါင်းကြပ်နေပြီလား။ ဒါမှမဟုတ် ကိုယ်စားချင်တာ အစားအစာရောင်းတဲ့ဆိုင် ဘယ်ဆိုင်တွေရှိလဲ ချက်ချင်းသိချင်နေပါသလား။ သင့်ကိုကူညီဖို့ sarmal ဆိုတဲ့ app လေးရှိနေပါပြီ။

Sarmal ကတော့ သင်စားချင်တဲ့ စားစရာရှိတဲ့ဆိုင်တွေကို လွယ်လွယ်ကူကူရှာပေးနိုင်မှာပဲဖြစ်ပါတယ်။ သူ့ကိုသုံးမယ်ဆိုရင် အရင်ဆုံး signup/login လုပ်ဖို့လိုပါမယ်။ ကိုယ်ရဲ့location ကိုရွေး ဒါမှမဟုတ် gpsကနေ auto ရယူပြီးတာနဲ့ စတင်အသုံးပြုလို့ရပါပြီ။ Search ကနေကိုယ်ရှာချင်တဲ့ စားစရာ၊ ဆိုင်နာမည် နဲ့ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။ အဲ့လိုမရှာချင်ရင်လည်း filter နဲ့ ကိုယ်နဲ့အဆင်ပြေတဲ့ဆိုင်ကိုရွေးလို့ရမှာပဲဖြစ်ပါတယ်။ Filter မှာတော့ price, distance, rating, type စတာတွေနဲ့ ဆိုင်တွေကို filterလုပ်လို့ရမှာပါ။

ကိုယ့်အနေနဲ့ ဆိုင်တစ်ဆိုင်ကိုရွေးလိုက်တာနဲ့ အဲ့ဆိုင်ရဲ့ opening hours, average costစတဲ့ဆိုင် details တွေအပြင် photo ထဲမှာလည်း ဆိုင်အနေအထား၊ menu တွကိုလည်းကြည့်နိုင်ပါတယ်။ ဒါ့အပြင် ရောက်ဖူးတဲ့သူတွေရဲ့ review တွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

App ရဲ့ homeမှာလည်း quick search, new in town, promotion စတဲ့ userတွေစိတ်ဝင်စားလောက်မယ့် ဆိုင်တွေကို တင်ပေးထားပါတယ်။ Feed မှာလည်း တစ်ခြားသော userတွေရဲ့ review, photo, post တွေကို တွေ့နိုင်ပြီး ကိုယ်ကိုတိုင်လည်းတင်လို့ရမှာပဲဖြစ်ပါတယ်။ Collection ထဲမှာတော့ တစ်ခြား user တွေ စုစည်းပေးထားတဲ့ ဆိုင်ရာဆိုင်ရာ စားသောက်ဆိုင်တွေကို ကြည့်ရှုနိုင်မှာပါ။ ကိုယ်သဘောကျလို့ မှတ်ထားချင်တဲ့ ဆိုင်တွေကိုလည်း bookmark လုပ်ထားပြီး နောက်ပြန်ကြည့်လို့လည်းရပါသေးတယ်။ တစ်ခြား app တွေကိုလည်း လှမ်း share လို့လည်း ရပါသေးတယ်။

ဒီ app လေးကတော့ sizeသေးသေးနဲ့ ဆိုင်တွေတော်တော်စုံပြီး ရှာဖွေရတော်တော်အဆင်ပြေတဲ့အတွက် အားလုံးအတွက်အဆင်ပြေပြီး အသုံးဝင်မယ်လို့ ထင်ပါတယ်။ သူ့ကိုတော့ androidကော၊ iOSမှာပါ ရနေပြီဖြစ်ပါတယ်။ ကဲ ဘာပဲစားချင်စားချင် sarmal ကနေ ရှာလိုက်ကြရအောင်။

Download link – Android/ iOS

, , ,

Leave a Reply

Your email address will not be published. Required fields are marked *