Documents တွေနဲ့ QR code တွေ Scan ဖတ်ဖို့အတွက် အကောင်းဆုံး Scanbot Scanner: Scan Doc, PDF

အရင်တုန်းက စာရွက်စာတမ်းတွေကို ဓာတ်ပုံရိုက်၊ scanner စက်ကြီးနဲ့ scan ဖတ်၊ ပြီးတော့မှ print ပြန်ထုတ်ရတဲ့ ဒုက္ခကလည်း တကယ့်ကို မသေးခဲ့ပါဘူးနော်… ဒါပေမယ့် အခုနောက်ပိုင်း နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ မိုဘိုင်းလ်ဖုန်းလေးတွေနဲ့ အသုံးပြုနိုင်တဲ့ scanner app တွေပေါ်လာတဲ့အတွက် စက်ကြီးနဲ့ scan ဖတ်ရတဲ့ ဒုက္ခကို ဘိုင့်ဘိုင် လုပ်လို့ရနေပါပြီ။ များပြားလှတဲ့ scanner app တွေထဲမှာမှ အသုံးပြုလို့ အဆင်ပြေမယ့် scanner app တစ်ခု အကြောင်းနဲ့ မိတ်ဆက်ပေးပါရစေ။ သူ့နာမည်လေးကတော့ ခေါင်းစဉ်မှာဖော်ပြထားတဲ့အတိုင်း Scanbot ပဲဖြစ်ပါတယ်။

Scanbot မှာ နောက်ဆုံးပေါ် အဆင့်မြင့်မိုဘိုင်း scanning နည်းပညာကိုအသုံးပြုထားတဲ့အတွက် သင့်ရဲ့ စာရွက်စာတမ်းတွေကို လွယ်ကူအဆင်ပြေစွာ scan ဖတ်ပေးနိုင်ပါတယ်။ Scan ဖတ်ပြီးသား QR codes၊ documents၊ fax တွေ နဲ့ အခြား အသုံးလိုမယ့် စာရွက်စာတမ်းတွေ အားလုံးကို အရည်အသွေးကောင်းမွန်တဲ့ pdf ဖိုင်တွေအဖြစ် ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဖိုင်တွေကို iCloud Drive, Box, Dropbox, Evernote နဲ့အခြား cloud services တွေထဲမှာ upload လုပ်ထားနိုင်ပါသေးတယ်။ အလိုအလျောက် scan ဖတ်ပေးတဲ့ စနစ်ပါတာကြောင့် လိုတိုး ပိုလျှော့ အားလုံးကို ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။

Edit mode မှာ filters, crop, နဲ့ rotate ကို အသုံးပြုနိုင်တဲ့အတွက် သင်scan ဖတ်ထားတဲ့ ဓာတ်ပုံကို ပြန်လည် ပြင်ဆင်နိုင်ပါတယ်။ Filter ထည့်သွင်း ချင်ရင်လည်း no filter, color, grey နဲ့ black and white ပုံစံတွေကို ရွေးချယ်နိုင်ပါတယ်။ ပြန်လည်ရှာဖွေရာမှာ လွယ်ကူစေရန်အတွက် Scan ဖတ်ပြီးသားဖိုင်တွေကို အမှတ်အသားနဲ့ နာမည်ပေး လို့ ရတဲ့ feature ကိုလည်းထည့်သွင်းထားပါတယ်။

Sanbot ကို ထောက်ပံ့ ပေးထားတဲ့ cloud services တွေကိုအောက်မှာဖော်ပြပေးထားပါတယ်။
-Dropbox
– Google Drive
– OneDrive & OneNote (also for Business)
– Evernote
– Amazon Drive
– Box.com
– OwnCloud
– Slack
– Wunderlist
– Todoist
– Shoeboxed
– WebDAV and FTP, sFTP and FTPs

နေရာယူပြီး ဈေးကြီးတဲ့ desktop scanner ကိုဝယ်ယူဖို့ မလိုပဲ ကိုယ့်ရဲ့ မိုလ်ဘိုင်းဖုန်းလေးနဲ့ပဲ လိုအပ်တဲ့ အချိန်တိုင်း နေရာတိုင်းမှာ အလွယ်တူ အခမဲ့ အသုံးပြုနိုင်တဲ့အတွက် လူတိုင်းဖုန်းထဲမှာ ရှိထားသင့်တဲ့ app တစ်ခုဖြစ်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ အခမဲ့ အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူအရေအတွက် ၅သန်းအထိ တိုးလာတဲ့အပြင် users တွေရဲ့ သုံးစွဲရတာ အဆင်ပြေကြောင်းထောက်ခံချက်တွေလည်း ၉၆ ရာခိုင်ထိ ရရှိထားတဲ့ app ဖြစ်ပါတယ်။

 

Download link – Android/ IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *