အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ကြုံတွေ့ရရင် မိသားစုထံအမြန်ဆုံး သတင်းပို့နိုင်မယ့် Shake2Safety – Personal Safety

အခုနောက်ပိုင်းမှာ မှုခင်းသတင်းတွေ ခဏခဏ ကြားရတဲ့အတွက် အားလုံးပဲ အနည်းနဲ့အများ စိုးရိမ်မိကြမှာပါ။ ဘယ်လောက်ပဲ ဂရုစိုက်တတ်တဲ့သူဖြစ်ဖြစ် အန္တရာယ်ဆိုတာ ကြိုပြီး မသိနိုင်ပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်း နည်းပညာတွေက တိုးတက်နေလို့ အကယ်၍ အန္တရာယ်ရှိတဲ့ အခြေအနေ တစ်ခုခုနဲ့ ရင်ဆိုင်ကြုံတွေ့ရရင် မိသားစု၊ မိတ်ဆွေတွေထံ အကြောင်းကြားပေးမယ့် Application တွေရှိနေပါပြီ။ အခု မိတ်ဆက်ပေးမယ့် Shake2Safety – Personal Safety ကလည်းအသုံးဝင်မယ့် application တွေထဲက တစ်ခုဖြစ်ပါတယ်။

ဒီ Apk ရဲ့ အားသာချက်တွေကတော့ အင်တာနက် (သို့) ဝိုင်ဖိုင် မရှိရင်တောင် မိသားစု မိတ်ဆွေတွေထံ အကြောင်း ကြားပေးနိုင်တာပဲဖြစ်ပါတယ်။ ဖုန်းကို လှုပ်လိုက်ရင်ပဲဖြစ်ဖြစ် ပါဝါခလုတ်ကို ၄ကြိမ် နှိပ်လိုက်ရင်ပဲဖြစ်ဖြစ် အန္တရာယ်ကြုံတွေ့နေရတဲ့ တည်နေရာနဲ့ ဓာတ်ပုံကို သင်ထည့်ထားတဲ့ ဖုန်းနံပါတ်တွေထဲကို message ပို့ပေးမှာပါ။ Audio ဖိုင်ကိုလည်း record လုပ်ပြီးပို့ပေးလို့ရပါတယ်။ ဖုန်းခေါ်တာနဲ့ စာပို့တာ နှစ်မျိုးပါဝင်လို့ နှစ်မျိုးစလုံးကို activate လုပ်ထားနိုင်ပါတယ်။

ရောက်နေတဲ့ တည်နေရာ ကို သိချင်ရင် app ရဲ့ ညာဘက်ထိပ်ဆုံးထောင့်လေးက ခလုတ်ကို နှိပ်ပြီး သိရှိနိုင်ပါတယ်။ ကျွန်မတို့နိုင်ငံက message က ဓာတ်ပုံတွေ အသံဖိုင်တွေ ပို့လို့မရသေးလို့ ရောက်နေတဲ့ နေရာရဲ့ location link ကိုပဲ ပို့ပေးလို့ရပါတယ်။ အင်တာနက်လိုင်းရှိရင်တော့ အခြား messenger apps တွေကနေပြီး ပို့ပေးလို့ရပါတယ်။ Message ပို့လို့ ကုန်ကျတဲ့ ပိုက်ဆံကို ဖုန်းဘေထဲက ဖြတ်မှာပါ။ အဲ့တာကြောင့် ဖုန်းဘေလေးတွေ ဝယ်ထည့်ထားကြဖို့လည်း မမေ့နဲ့နော်။

 

သတိပြုရမယ့် အချက်တွေကတော့ ဖုန်းရဲ့ GPS ကိုဖွင့်ထားဖို့လိုအပ်ပါတယ်။ App ထဲမှာ မိသားစု၊ မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေ ထည့်ထားရပါမယ်။ ပြီးရင်း app ရဲ့ setting ထဲမှာ အပေါ်က လုပ်ဆောင်ချက်တွေကို activate လုပ်ထားရပါမယ်။ App ထဲမှာတွေ့ရမယ့် sensitivity ကိုတော့ ဖုန်းကို လှုပ်ခါတဲ့ အရှိန်နှုန်း ချိန်ညှိတဲ့ နေရာမှာအသုံးပြုနိုင်ပါတယ်။ Sensitivity ကို အရမ်း အမြင့်ကြီးထားရင် ဖုန်းကို နည်းနည်းလှုပ် လိုက်တာနဲ့ app က activate ဖြစ်သွားမှာမို့လို့ sensitivity ကို နည်းနည်းပဲ ထားသင့်ပါတယ်။ လူတိုင်းလူတိုင်းရဲ့ ဖုန်းထဲမှာရှိထားသင့်တဲ့ app တစ်ခုဖြစ်ပါတယ်။

Android အသုံးပြုသူတွေအတွက်ပဲ free download လုပ်ယူပြီး အသုံးပြုနိုင်ပါတယ်။ iOS သမားတွေအတွက်လည်း personal safety app တွေကိုရှာဖွေပြီး ဖော်ပြပေးသွားပါဦးမယ်နော်…

 

Image Source – Shake2Safety – Personal Safety

,

Leave a Reply

Your email address will not be published. Required fields are marked *