ဖိုင်​​တွေကို လွယ်​ကူလျှင်​မြန်​စွာ လွှဲ​ပြောင်းပေးနိုင်​မယ့် Share it

zapya နဲ့ဖုန်းထဲက ဖိုင်​​တွေကို share ​နေရတာ ရိုး​နေတဲ့ ပရိတ်​သတ်​ကြီးအတွက်​ အသစ်​အဆန်းလေးဖြစ်​သွား​အောင်​ share it ဆိုတဲ့ file transfer အပ်​ပလီ​ကေးရှင်းလေးအ​ကြောင်းနဲ့ မိတ်​ဆတ်​​ပေးချင်​ပါတယ်​။ share it ဆိုတဲ့အပ်​ပလီ​ကေးရှင်းလေးက အသုံးပြုရလွယ်​ကူပြီး ဖိုင်​​တွေကို ဖုန်းတစ်​လုံးနဲ့တစ်​လုံး ပို့တဲ့​နေရာမှာ ရိုးရှင်းလွယ်​ကူပြီး မြန်​မြန်​ဆန်​ဆန်​ ပို့​ပေးနိုင်​မှာဖြစ်​ပါတယ်​။

အပ်​ပလီ​ကေးရှင်း install လုပ်​ပြီးဝင်​လိုက်​တာနဲ့ user agreement အတွက်​ i agree ဆိုတဲ့စာသားကိုအမှန်​ခြစ်​ထည့်ပြီး start ဆိုတာကိုနှိပ်​​ပေးရမှာဖြစ်​ပါတယ်။ ပြီးရင် ​အ​ပေါ်နဲနဲဆွဲပြီး start ဆိုတာကို ထပ်​နှိပ်​​ပေးရမှာပါ​။​ နောက်​တစ်​ဆင့် မိမိနာမည်​ထည့်ပြီး profile picture အတွက်​ ပုံ​လေး​ရွေး​ပေးရမှာ ဖြစ်​ပါတယ်​။

မိမိရဲ့ဖုန်းထဲကပုံ​တွေ ယူသုံးနိုင်​သလို ကင်​မရာနဲ့တစ်​ခါထဲရိုက်​ပြီးထည့်လို့လည်း ရပါ​တယ်​။ ပြီးရင်​​တော့ save ဆိုတာကို နှိပ်​​ပေးရမှာဖြစ်​ပါတယ်​။ အားလုံးပြီးသွားရင်​​တော့ ဖိုင်​တွေ​ရှဲဖို့အတွက်​ page ကို​ရောက်​သွားမှာဖြစ်​ပါတယ်​။ မိမိက ဖိုင်​​တွေပို့မယ့်သူဆိုရင်​ send ဆိုတာကို နှိပ်​ပြီး တဖက်​က receive ကိုနှိပ်​ရမှာဖြစ်​ပါတယ်​။

သူ့မှာထူးခြားတာက clone it ဆိုတဲ့ feature ပါတယ်​​ဗျ။ မိမိက ဖုန်းအသစ်​တစ်​လုံး ဝယ်​လာတယ်​၊ ဖုန်းအ​ဟောင်းထဲက photo, app, contact, sms စတာ​တွေကို ဖုန်းအသစ်​ထဲအလွယ်​တကူ​ပြောင်းထည့်​ပေးနိုင်​တဲ့ feature ​လေးဖြစ်​ပါတယ်​။ အသုံးပြုရတာတကယ့်ကိုရိုးရှင်းပြီး ဖိုင်​​တွေကို မြန်​မြန်​ဆန်​ဆန်​နဲ့ ​ပေးပို့နိုင်​တဲ့ အပ်​ပလီ​ကေးရှင်း​လေးပဲ ဖြစ်​ပါတယ်​။အသုံးပြုချင်​ပါက ​အောက်​ပါလင့်မှာ Download ​​ရယူနိုင်​ပါတယ်​။

Download Link – Andriod

Leave a Reply

Your email address will not be published. Required fields are marked *