Platform မတူတဲ့ devices အချင်းချင်း sharing လုပ်နိုင်မယ့် SHAREit – Transfer & Share

Platform မတူတဲ့ Android, IOS, PC တို့တွေနဲ့ photo တွေ videoတွေ music တွေ share ရတာ အရမ်းခက်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့တော့နော်။ SHAREit application နဲ့ USB မလို Internet မလို cables မလိုပဲ အလွယ်တကူ share နိုင်ပါပြီ။ Bluetooth ထက် အဆ၂၀၀ မြင့်တဲ့ အမြန်နှုန်းနဲ့ မိတ်ဆွေရဲ့ photos တွေ ၊ videos တွေ၊ music, contacts တွေနဲ့ files တွေကို share နိုင်မှာပါ။

ဒါပေမယ့် PC နဲ့ share ချင်ရင်တော့ အခုနောက်ဆုံးထွက်ထားတဲ့ latest version 4.0 နဲ့မှ ရမှာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀၀မှာ လူသန်းပေါင်း ၆၀၀ ကျော်သုံးစွဲနေပြီး နိုင်ငံ၂၄ နိုင်ငံမှာ Google ရဲ့ နံပါတ်တစ် download အရေအတွက် အများဆုံး application တစ်ခုဖြစ်တယ်။ IOS က သီချင်း တွေကို Android ဆီ ပို့ဆောင် နိုင်ပြီး မတူညီတဲ့ platform တွေ အချင်းချင်း share နိုင်တဲ့ application ဖြစ်ပါတယ်။ Sent ကိုနှိပ်ပြီး မိတ်ဆွေ share ချင်တဲ့ file ကိုနှိပ်တစ်ချက်နှိပ်လိုက်ရုံပါပဲ။ ဒါပေမယ့် IOS မှာ wifi ဖွင့်ထားပြီး Android နဲ့ connect ထားဖို့တော့လိုပါတယ်။

Format မတူတဲ့ files တွေအချင်းချင်းလည်း ပို့ဆောင်နိုင်မှာဖြစ်တယ်။ Contacts တွေကိုလည်း share နိုင်မှာဖြစ်ပြီး cross – platform တွေအချင်းချင်း send နိုင်တာက SHAREit ရဲ့ အဓိက အားသာချက်ပါ။ နေရာတိုင်း အချိန်တိုင်းမှာ သူငယ်ချင်းတွေနဲ့ photos တွေ၊ video တွေ၊ Audios တွေကို အလွယ်တကူပဲ share နိုင်ပါပြီ။ Devices တွေ platform မတူတာကို don’t care လို့ရပါပြီနော်။ အဲ့တော့ အချိန်ဆွဲမနေတော့ပဲ အခုပဲ download လုပ်ပြီး SHAREit application ကို စမ်းကလိကြည့်ကြရအောင်။

Android , IOS နှစ်မျိုးစလုံးမှာ free to download ပါ။ Android အတွက် version 4.1နှင့်အထက်၊ IOS အတွက် ios 7.0 နှင့်အထက်တွင် download လုပ်ယူနိုင်ပါတယ်။

 

 

Image Source – SHAREit – Transfer & Share

,

Leave a Reply

Your email address will not be published. Required fields are marked *