တစ်မူထူးခြားတဲ့ effects ဒီဇိုင်းတွေပါဝင်တဲ့ Slow Shutter Cam

လှပတဲ့ ဓာတ်ပုံတွေကို ဖန်တီးပေးမယ့် ထူးခြားတဲ့ ဓာတ်ပုံ app ဖြစ်ပါတယ်။ နောက်ခံ သမိုင်းတွေကို ပြန်ကြည့်ရရင် ၂၀၁၀ ခုနှစ် နဲ့ ၂၀၁၁ခုနှစ် တွေမှာ အကောင်းဆုံးဓာတ်ပုံ application “Best App Ever Award” ဆုကို ရရှိခဲ့ပါတယ်။

Slow Shutter Cam မှာ ဓာတ်ပုံတွေကိုသာမန်ရိုးကျ effects တွေသုံးရတာ ငြီးငွေ့နေတဲ့သူတွေအတွက် ပုံစံတစ်မျိုးဆန်းတဲ့ DSIR (Digital single-lens reflex) Camera ရဲ့ အင်္ဂါရပ်တွေ ထည့်သွင်းထားပါတယ်။ App ထဲမှာ Motion Blur, Light Trail နဲ့ Low light ဆိုပြီး ရိုက်ကူးမှုပုံစံ (၃) မျိုးပါဝင်ပါတယ်။ သူတို့တွေကို ဒီတိုင်း ပြောလိုက်ရင် အလွယ်တကူ နားလည်နိုင်မှာ မဟုတ်တဲ့အတွက် အောက်မှာ တစ်ခုချင်း ပြန်ရှင်းပြထားပါတယ်။

 

1. Motion Blur

DSIR (Digital single-lens reflex) Camera နဲ့ ညီမျှတဲ့ Motion Blur Mode ကို သရဲရုပ်ပုံ ၊ ရေတံခွန် effects နဲ့ ဓာတ်ပုံရဲ့ လှုပ်ရှားမှုကို ထင်ရှားစေမယ့် blur mode ( မှုန်ဝါးဝါးပုံစံ) effects တွေထည့်သွင်းတဲ့ နေရာမှာ အသုံးပြုနိုင်ပါတယ်။

 

2. Light Trail

Light Trail mode ကို လှုပ်ရှားနေတဲ့ အလင်းတန်းတွေ ဖမ်းယူရိုက်ကူးဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ပုံစံအားဖြင့်ပြရရင် ရွေ့လျားနေတဲ့ ကားတွေရဲ့ အလင်းလမ်းကြောင်းတွေ နဲ့ မီးရှူးမီးပန်းတွေရဲ့ ဖြာကျနေတဲ့ ရောင်စဉ်အလင်းတန်းတွေကို ဖမ်းယူရိုက်ကူးနိုင်ပါတယ်။ တိကျတဲ့ အလင်းရောင်စဉ်တန်းတွေကို ဖမ်းယူပေးနိုင်တဲ့ Light Trail mode က Slow Shutter Cam app ရဲ့အရေးပါတဲ့ ဖန်တီးမှုပုံစံ တစ်ခုဖြစ်ပါတယ်။

 

3. Low light

Low light mode ပြုလုပ်ထားရင် sensor ကို လာရောက် ထိမှန်တဲ့ အလင်း ယူနစ် တစ်ယူနစ် စီတိုင်းကို Camera ကစုဆောင်းပေးမှာပါ။ Shutter ရဲ့ အမြန်နှုန်း မြင့်လာတာနဲ့အမျှ အလင်းစုဆောင်းမှုနှုန်းပါ မြင့်တက်လာမှာဖြစ်တဲ့အတွက် exposure compensation slider ကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့ effect ကိုရတဲ့အထိ အသေးစိတ်ချိန်ပေးရမှာ ဖြစ်ပါတယ်။

Slow Shutter Cam နဲ့ အတူ သင့်ရဲ့ iPhone (သို့ ) iPod ကို DSIR Camera ရဲ့ အင်္ဂါရပ်တွေအတိုင်း အသုံးပြုနိုင်ပါပြီ။ ဖုန်း app တစ်ခုဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အိတ်လေးထဲကို ထည့်သွားပြီး အချိန်တိုင်းနေရာတိုင်းမှာ အသုံးပြုနိုင်ပါတယ်။ iOS တစ်မျိုးတည်းမှာပဲအသုံးပြုနိုင်ပြီးစျေးနှုန်းကတော့ ၂၆၃၈ ကျပ် (ဈေးနှုန်းအပြောင်း အလဲရှိ) နဲ့ App Store မှာ ဝယ်ယူနိုင်ပါတယ်။

 

 

 

 

Image Source – Slow Shutter Cam

, ,

Leave a Reply

Your email address will not be published. Required fields are marked *