ပုံမှန်နေကာမျက်မှန်ဒီဇိုင်းနဲ့ ထပ်ထွက်လာတဲ့ Snapchat Spectacles 2

Snapchat ရဲ့ ဧပြီလကထုတ်လုပ်လိုက်တဲ့ Snapchat Spectacle ရဲ့ပုံမှန်နဲ့မတူတဲ့ဒီဇိုင်းကြောင့် ဝယ်သူတွေဟာ ထင်သလောက် အကြိုက်မတွေ့ခဲ့ကြပါဘူး။ ဒီတစ်ခေါက်မှာတော့ ပိုမိုဆန်းသစ်တဲ့ feature တွေပါဝင်တဲ့အပြင် သူလိုငါလို နေကာမျက်မှန် ဒီဇိုင်းနဲ့ Spectacle 2 ထွက်ရှိလို့လာပါပြီ။

သူ့မှာတော့ Spectacle 1 မှာပါတဲ့ feature တွေနဲ့အကုန်နီးပါးပြန်ပါပြီး recording quality ကတော့ အရင်ဟာထက် ပိုကောင်းအောင်လုပ်ထားပါတယ်။ အရင်ကနဲ့မတူတာကတော့ ဒီဇိုင်းပိုင်းပါပဲ။ အရင်လို Spectacle တပ်လာရင် တစ်လမ်းလုံးသိနေတာမျိုးမဟုတ်တော့ပဲ သေချာကြည့်မှ Spectacle တပ်ထားမှန်းသိတဲ့အထိ ဒီဇိုင်းပိုင်းတိုးတက်လာတာတွေ့ရပါတယ်။

အသစ်ထွက်လာတဲ့ Spectacle မှာ polarized lens တွေပါဝင်ပြီး မျက်မှန်ထည့်ဖို့ဘူးလေးဟာလည်း အရင်လို အဝါရောင်ဘူးအမာဒီဇိုင်းမဟုတ်တော့ပဲ အနက်ရောင် semi-soft ဘူးဒီဇိုင်းမျိုးဖြစ်လာပါတယ်။ Veronica နဲ့ Nico ဆိုပြီး ဒီဇိုင်းနှစ်မျိုးထွက်ထားပြီး ဈေးကတော့အနိမ့်ဆုံး ၁၉၉ ဒေါ်လာ နဲ့ လက်ရှိမှာတော့ ပစ္စည်းအကန့်အသတ်နဲ့ရောင်းချပေးနေပါတယ်။ နောက်ပိုင်းမှာတော့ US အတွင်းမှာ Nordstorm နဲ့ Neiman Marcus စတဲ့ဆိုင်တွေနဲ့ Europe ကဆိုင်တွေမှာပါရောင်းချလာတော့မှာပါ။ ဒါ့အပြင်ထုံးစံအတိုင်း Snapchat ရဲ့ partner ဖြစ်တဲ့ Lensabl ကလည်း ဝယ်သူတွေလိုတဲ့အတိုင်းမျက်မှန်တွေမှာ ပါဝါထည့်ပေးဖို့လည်းစီစဉ်ထားပါတယ်။ အရောင်အနေနဲ့ကတော့ လောလောဆယ် အနက်ရောင်တစ်မျိုးတည်းသာရရှိနိုင်ဦးမှာဖြစ်ပါတယ်။

Spectacle 2 ကတော့ ဓာတ်ပုံရော ဗီဒီယိုရောရိုက်ကူးနိုင်မှာဖြစ်ပြီး Snapchat သာမကပဲ အခြား platform တွေမှာပါ ပုံတွေတင်နိုင် save နိုင်ဖို့ automatic camera roll save ပါဝင်ထားပြီး ဗီဒီယိုတွေကို horizontal နဲ့ vertical format နှစ်ခုလုံးနဲ့ ကူးနိုင်အောင်ပါစီစဉ်ထားပါတယ်။

နောက်ပိုင်းထုတ်မယ့် Spetacle တွေမှာတော့ တစ်နေ့တာရိုက်ထားသမျှ ဓာတ်ပုံတွေထဲက အကောင်းဆုံးတစ်ပုံကိုရွေးထုတ်ပေးမယ့် စနစ်ပါဝင်လာမှာဖြစ်ပြီး ဒီစနစ်ဟာအသုံးပြုသူတွေအတွက် ဓာတ်ပုံတွေအများကြီးကြည့်ပြီး အကောင်းဆုံးကိုကိုယ်တိုင်ထိုင်ရွေးနေရမယ့် ဒုက္ခကနေကင်းလွတ်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေအောက်ထဲမှာလည်း ရိုက်ကူးနိုင်တာကြောင့် ရေအောက်လေ့လာတာဝါသနာပါတဲ့သူတွေအတွက် အတော်အသုံးဝင်မှာပါ။

ဒီလိုမျိုး ကောင်းကွက်တွေအများကြီးရှိနေပေမယ့် ဝေဖန်သံအချို့ကိုတော့ ကြားနေရပါသေးတယ်။ ဒီမျက်မှန်ဟာ အရင်လို တမူထူးခြားနေတဲ့ ဒီဇိုင်းလည်းမရှိတော့တဲ့အပြင် အရင် version တုန်းကလို ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ကူးတဲ့အခါ camera lens လည်းမီးမလင်းတော့တာကြောင့် ခွင့်ပြုချက်မရှိပဲ ဓာတ်ပုံခိုးရိုက်တဲ့ကိစ္စတွေဖြစ်လာနိုင်တယ်လို့ လူအတော်များများကထောက်ပြထားပါတယ်။

Source Via

,

Leave a Reply

Your email address will not be published. Required fields are marked *