Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ Specification အချို့နဲ့ စျေးနှုန်းပိုင်းတို့ထွက်ပေါ်လာပြီ

Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ စျေးနှုန်းပိုင်းနဲ့ Specification အချို့တို့ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာပဲ Xperia blog ကနေတဆင့်ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ ပထမဉီးဆုံးအနေနဲ့ Xperia XZ2 ရဲ့ Spec အပိုင်းကိုဉီးစွာဖော်ပြပါရစေ။

Xperia XZ2

ဟာ ၅.၇ လက်မရှိပြီး မျက်နှာပြင်ကို Gorilla Glass 5 နဲ့ကာကွယ်ပေးထားမှာဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon 845 chipset နဲ့အားဖြည့်ထားပြီး 4 GB RAM နဲ့ 64 GB Storage ပါဝင်မှာပါ။ ဖုန်းရဲ့ အနောက်ဘက်မှာလည်း Fingerprint system ပါဝင်တာကိုတွေ့ရမှာပါ။

Xperia XZ2 Compact

ဟာဆိုရင်တော့ ၅ လက်မရှိပြီး Xperia XZ2 လိုပဲ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ကာကွယ်ထားပါတယ်။ Qualcomm ရဲ့ Snapdragon 845 chipset နဲ့ 4 GB RAM, 64 GB Storage ပါဝင်မှုကလည်း Xperia XZ2 နဲ့တူနေပြန်ပါတယ်။ Xperia XZ2 Compact ရဲ့ အရွယ်အစားဟာ Xperia XZ2 ထက်အနည်းငယ်သေးနေပေမယ့် အရင် Compact model တွေနဲ့ယှဉ်ကြည့်ရင် ကြီးနေလို့ဆိုရမှာပါ။

ဖုန်းနှစ်မျိုးလုံးရဲ့ Specs မှာကွာဟတာဆိုလို့အရွယ်အစားသာဖြစ်ပါတယ်။ Specs အပိုင်းပြီးတော့ စျေးနှုန်းပိုင်းကိုသွားပါရစေ။ Sony Xperia XZ2 ရဲ့စျေးနှုန်းဟာ USD 987 အထိရှိနေပြီး Xperia XZ2 Compact ဟာတော့ USD 740 သာရှိတယ်လို့ဖော်ပြထားပါတယ်။ Sony အနေနဲ့ဖုန်းနှစ်မျိုးလုံးကို MWC 2018 မှာချပြသွားမှာဖြစ်ပြီး မတ်လထဲမှာရောင်းချသွားမှာဖြစ်တယ်လို့လဲသိရှိရပါတယ်။ ဒီသတင်းဟာ Sony ရဲ့တရားဝင် ဝက်ဆိုဒ်ကဖော်ပြထားတာမဟုတ်ပဲ Xperia blog ကတဆင့်ဖော်ပြထားတာကြောင့် ၁၀၀ ရာခိုင်နှုန်း မှန်ချင်မှသာမှန်မှာပါ။ မှန်/မမှန် စိတ်ဝင်စားတယ်ဆိုရင်တော့ ရက်အနည်းငယ်အကြာမှာ ကျင်းပမယ့် MWC 2018 ကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

 

Source

, ,

Leave a Reply

Your email address will not be published. Required fields are marked *