သင့်အနီးအနားက အခြားသူဖွင့်နေတဲ့ သီချင်းကို ရှာဖွေပေးမယ့် SoundHound – Music Discovery

ကားစီးနေရင်ပဲဖြစ်ဖြစ်၊ လမ်းလျှောက်ရင်းပဲဖြစ်ဖြစ် အနီးအနားက သီချင်းသံကြားရင် ဘာသီချင်းလဲဆိုတာ သိချင်တာ လူတိုင်းနီးပါးဖြစ်ဖူးကြပါတယ်။ ဒီပြဿနာကို SoundHound ကဖြေရှင်းပေမှာပါ။ ဘယ်နေရာ ဘယ်အချိန်ပဲရောက်ရောက် မိတ်ဆွေ ကြားတဲ့ သီချင်းသံကို SoundHound က title, artist, album, lyrics တို့နဲ့ သေသေချာချာ ရှာဖွေပေးမှာဖြစ်တယ်။

ရှာဖွေလို့ရလာတဲ့ သီချင်းကိုသေချာအောင် You Tube မှာ lyrics နဲ့တကွ နားထောင်လို့ရအောင်ပါလုပ်ပေးထားပါသေးတယ်။ အသုံးပြုရတာလွယ်ကူပြီး လိမ္မော်ရောင် အဝိုင်းလေးကို တစ်ချက်နှိပ်လိုက်ရုံနဲ့ စပြီးရှာဖွေပေးမှာပါ။

 

အကောင်းဆုံး အဟော့ဆုံး Genre, Global, Popular charts က သီချင်းတွေကိုပါ ဖော်ပြပေးထားမှာဖြစ်ပြီး မိတ်ဆွေနားထောင်ချင်တဲ့ သီချင်းတွေ့ရင် တစ်ချက်နှိပ်လိုက်ရုံနဲ့ lyrics နဲ့တကွ နားထောင်လို့ရမှာဖြစ်တယ်။ ဒါ့အပြင် Holiday “Classics”, Electronic, Urban, Country, Rock စတဲ့ titles တွေနဲ့ သီချင်းတွေကိုပါ ရွေးချယ်နားထောင်လို့ရမှာဖြစ်တယ်။ Microphone system ပါဝင်လို့ “OK Hound …ကိုနှိပ်ပြီး ကိုယ်နားထောင်ချင်တဲ့ သီချင်း (သို့) အဆိုတော်နာမည်ကိုပြောလိုက်တာနဲ့ Auto ရှာဖွေပေးမှာဖြစ်တယ်။ အရမ်းလန်းတဲ့ application လေးဖြစ်တာမို့ သီချင်းဝါသနာအိုးလေးတွေ စမ်းသုံးကြည့်သင့်တဲ့ application လေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကမှ နောက်ဆုံး update version ထွက်ရှိထားတာဖြစ်ပါတယ်။ အသုံးပြုရင်တော့ internet(သို့) Wifi ဖွင့်ထားဖို့လိုပါတယ်။ အရမ်းလန်းတဲ့ application လေးဖြစ်တာမို့ သုံးစွဲကြည့်ဖို့ အကြံပြုချင်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free to download လုပ်နိုင်ပါတယ်။ Android devices နဲ့ download လုပ်နိုင်ပြီး iOS များအတွက်တော့ ios 10.0 နှင့်အထက်မှ download လုပ်နိုင်မှာပါ။ Rating ပိုင်းမှာလည်း Android မှာ 4.3 နှင့် iOS မှာ 4.8 အထိတောင်ရှိနေပါတယ်။

 

 

Image Source – SoundHound – Music Discovery

,

Leave a Reply

Your email address will not be published. Required fields are marked *