အင်္ဂလိပ်​စကား​ပြော​လေ့ကျင့်​နိုင်​မယ့် အပ်​ပလီ​ကေးရှင်း

Asia app ပရိတ်​သတ်​ကြီးနဲ့ ဒီတစ်​ခါမိတ်ဆက်ပေးချင်​တာက အင်္ဂလိပ်​စကား​ပြောကို မိမိဖုန်​းထဲမှာတင်​ အလွယ်​တကူ​လေ့လာနိုင်​မယ်​့ Speak english ဆိုတဲ့ andriod အပ်​ပလီ​ကေးရှင်​း​လေးနဲ့ မိတ်​ဆ​က်ပေးမှာပဲဖြစ်​ပါတယ်။ တချို့သူ​တွေက သင်​တန်​းမှာ အချင်​းချင်​း​ပြောရမှာ မရဲ​သေး​တော့ သင်​တန်​းမတက်​ဖြစ်​ကြပါဘူး။ အဲ့လိုမဖြစ်​ရ​အောင်​ ဒီအပ်​ပလီ​ကေးရှင်​းထဲမှာပါတဲ့ စကား​ပြောသင်​ခန်​းစာ​တွေ​လေး​တွေကို ​လေ့လာပြီး ​ပြောရဲဆိုရဲရှိ​အောင်​​လေ့ကျင်​့နိုင်​ပါတယ်​။

ဒီအပ်​ပလီ​ကေးရှင်​းထဲမှာဆိုရင်​ စကား​ပြောသင်​ခန်​းစာ အဆင်​့(၁)၊ အဆင်​့(၂)၊ အဆင်​့(၃) စသည်​ဖြင်​့ အဆင်​့ ၃ ဆင့်ခွဲထား​ပေးပြီး တစ်​ဆင်​့ချင်းစီ​လေ့လာနိုင်​ပါတယ်​။​​ နောက်​ပြီး စကားစုတစ်​​ထောင်​ကို အမျိုးအစားလိုက်​၊ စကားလုံးအလိုက်​နဲ့​ ​နောက်​တခု စကားလုံးတစ်​​ထောင်​့နဲ့ငါးရာကို အမျိုးအစားလိုက်​၊ စကားလုံးအလိုက်​ဆိုပြီး category ၄ ခုပါဝင်​ပါ​သေးတယ်​။ စကားစုတစ်​​ထောင်​ကို အမျိုးအစားအလိုက်​ဆိုတဲ့ tab ထဲမှာစိုရင်​ ခရီးသွားခြင်​း၊ ​ငွေ​ကြေး၊ ​လမ်​းညွှန်​ စတာ​တွေနဲ့ပတ်​သက်တာ​တွေ​ကို စုစည်​း​ပေးထားတာဖြစ်​ပြီး၊ စကားလုံးအလိုက်​ ဆိုတဲ့ tab ထဲမှာ ​(a,b,c,d) စသည်​ဖြင်​့ ခွဲခြား​ပေးထားတာဖြစ်​ပါတယ်​။ ဒုတိယ category ဖြစ်​တဲ့ စကားလုံးတစ်​​ထောင်​့ငါးရာ tab ထဲမှာဆိုရင်​လဲ ခရီးသွားခြင်​း၊ နှုတ်​ခွန်​းဆက်​ခြင်​း၊ တည်​​နေရာ၊ စား​သောက်​ခြင်​း စတာ​တွေနဲ့ပတ်​သက်တဲ့ စကားလုံးတွေကို စကားစုအ​နေ tab တစ်​ခု၊ စကားလုံးအ​နေနဲ့ tab တခုခွဲခြား​ပေးထားပါတယ်​။

ယခုအပ်​ပလီ​ကေးရှင်​းကို မြန်​မာစာ စနစ်​ နှစ်​မျိုးလုံးမှာ အဆင်​​ပြေ​ပြေ အသုံးပြုနိုင်​​အောင်​ ​ဇော်​ဂျီ​ဖောင်​့​ရော ယူနီကုဒ်​​​ဖောင်​့မှာပါ အဆင်​​ပြေ​အောင်​ဖန်​တီ​ပေးထားပါတယ်​။ မိမိကိုယ်​တိုင်​ အိမ်​မှာ​နေရင်​း အင်္ဂလိပ်​စာကိုအ​ခြေ​နေတစ်​ခုထိ​ရောက်​​အောင်​ ​ပြောဆိုနိုင်​​စေမှာပဲဖြစ်​ပါတယ်​။ အသုံးပြုချင်​ပါက ​အောက်​ပါလင်​့ခ်တွင်​​ဒေါင်​းယူနိုင်​ပါတယ်​။

Download link – Android

,

Leave a Reply

Your email address will not be published. Required fields are marked *