အိမ်မှာနေရင်း Conversation လေးတွေလုပ်လို့ရမယ့် Speak – Practice Your English

သင်က အင်္ဂလိပ်စာ လေ့လာနေသူတစ်ယောက်လား။ ဒါမှမဟုတ် ကျောင်းသားတစ်ယောက်လား။ သင့်ကို အင်္ဂလိပ်စကားပြော လေ့ကျင့်ပေးမယ့်သူမရှိလို့ စိတ်ညစ်နေပါသလား။ အဲ့တာဆိုရင်တော့ ဘာမှစိတ်မပူနဲ့တော့နော်။ Speak application လေးရှိနေပါပြီ။

Speak က တော့ သင့်ကို နေ့စဉ်နေ့တိုင်း စိတ်ဝင်စားဖို့ကောင်းတဲ့ conversations တွေနဲ့ အင်္ဂလိပ်စကားပြော လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ ဘာပြန်ပြောရမလဲဆိုပြီး စိတ်ပူစရာလည်းမလိုပါဘူးနော်။ ကိုယ်ပြန်ပြောရမယ့် စကားလေးတွေ အပြီးပါပြီးသားပါ။ ဒါ့အပြင်ကိုယ်ပြောထားတဲ့ စကားတွေကို ပြန်နားထောင်ချင်ရင် record လုပ်ထားလို့ရပါသေးတယ်။ မပြောတတ်တဲ့ အသံထွက်တွေပါရင်လည်း သူပြောတာကို အရင်နားထောင်ပြီးမှ ပြန်ပြောလို့ရပါတယ်။

မတူညီတဲ့ Characters တွေအများကြီးနဲ့ practice လုပ်နိုင်မှာဖြစ်ပြီး Job interview practice, Tofel prep ,Business English, Travel စတဲ့ Title တွေအများကြီး ပါဝင်မှာဖြစ်ပါတယ်။ ကိုယ်လေ့လာချင်တဲ့ title ကိုရွေးပြီး လေ့ကျင့်နိုင်ပါတယ်။ အသုံးပြုနေချိန်မှာ internet(သို့) Wifi ဖွင့်ထားဖို့တော့ လိုအပ်ပါတယ်။

လက်တလောမှာတော့ iOS devices တွေနဲ့ပဲ အသုံးပြုလို့ရဦးမှာဖြစ်ပါတယ်။ သင့်အတွက် လုံးဝကို အကျိုးရှိမယ့် application ကောင်းလေးဖြစ်တာမို့ အသုံးပြုကြည့်ဖို့တိုက်တွန်းပါတယ်။ စက်တင်ဘာလ၅ရက်နေ့က နောက်ဆုံး version 1.5.8 ကိုထွက်ရှိထားတာဖြစ်ပါတယ်။ iOS version 10 ရှိရင် free to download လုပ်ယူနိုင်ပါပြီ။ Rating ပိုင်းမှာတော့ 4.5 အထိရရှိထားပါတယ်။ သင့်အတွက် သုံးရတာအဆင်ပြေတဲ့ application ကောင်းလေးဖြစ်ပါစေ။

 

 

Image Source – Speak – Practice Your English

,

Leave a Reply

Your email address will not be published. Required fields are marked *