မကြာခင်ထွက်ရှိတော့မယ့် Moto G series ဖုန်းတွေရဲ့ Chipset, ဘက်ထရီနဲ့ စျေးနှုန်းအပိုင်းကိုသိပြီးကြပြီလား

Motorola ရဲ့မကြာခင်ထွက်ရှိလာတော့မယ့် Smartphone အချို့ကိုတော့ ကျွန်တော် Website မှာဖော်ပြခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထွက်ရှိလာတော့မယ့် Motorola Smartphone တွေထဲက G အမျိုးအနွယ်တွေရဲ့ Chipset, ဘက်ထရီ နဲ့ စျေးနှုန်းအပိုင်းတို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

G-series ရဲ့ ထိပ်တန်း model ဖြစ်တဲ့ Moto G6 Plus ဟာဆိုရင်တော့ Snapdragon 630 chipset ပါဝင်ပြီး ဘက်ထရီသိုလှောင်မှုအပိုင်းကတော့ 3,250 mAh ဖြစ်ပါတယ်။ စျေးနှုန်းအပိုင်းကတော့ USD 265 ကျသင့်မှာပါ။

အရင် G-series တွေနဲ့အနည်းငယ်ကွဲထွက်နေတဲ့ Moto G6 ဟာတော့ Snapdragon 450 chipset ပါဝင်မှာဖြစ်ပြီး ဘက်ထရီသိုလှောင်မှုအပိုင်းကတော့ 3,000 mAh ပါ။ စျေးနှုန်းအပိုင်းကတော့ USD 234 ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုဖြစ်တဲ့ Moto G6 Play ဟာ ဘက်ထရီသိုလှောင်နိုင်မှုက 4,000 mAh အထိရှိနေပြီး G6 နဲ့ G6 Plus တို့ထက်သိုလှောင်နိုင်မှုပိုမိုကောင်းမွန်နေတာကိုတွေ့ရမှာပါ။ ဒါပေမယ့် Snapdragon ပိုင်းက 430 chipset သာပါဝင်တာကြောင့် ဖုန်းရဲ့လုပ်ဆောင်နိုင်မှုဟာ G6 နဲ့ G6 Plus တို့ထက်နှေးကွေးနေမှာဖြစ်ပါတယ်။ စျေးနှုန်းအပိုင်းကတော့ USD 187 လောက်သာကျသင့်မှာပါ။

အခုဖော်ပြခဲ့တဲ့ G-series ဖုန်းတွေဟာ Motorola ရဲ့နောက်ဆုံးထွက်ရှိမယ့်ဖုန်းတွေဖြစ်တာကြောင့် Android Oreo နဲ့ရောက်ရှိလာမယ်လို့မျှော်လင့်ထားလို့ရပါတယ်။ Motorola ကိုယ်တိုင်ကတရားဝင်ကြေညာထားခြင်းမရှိသေးတာကြောင့် ဒီသတင်း ရဲ့ မှန်ကန်မှုအပိုင်းကို ၇၀ ရာခိုင်နှုန်းလောက်သာ အာမခံပါရစေ။

 

, ,

Leave a Reply

Your email address will not be published. Required fields are marked *