လှပတဲ့ သီချင်းတွေကို အချိန်တိုင်းနေရာတိုင်းမှာ ဖန်တီးနိုင်မယ့် Spire Multitrack Recorder

Spire Multitrack Recorder က သာမန် သင်တွေ့နေကျ recorder တွေနဲ့ လုံးဝကို ကွဲပြားတဲ့ application ဖြစ်တယ်။ သူ့ရဲ့ထူးခြားချက်က အချိန်တိုင်းနေရာတိုင်းမှာ studio မရှိပဲ သင့်အတွက် သီချင်းကောင်းလေးတွေဖန်တီးပေးနိုင်တာပဲဖြစ်ပါတယ်။ သီချင်းဆိုရတာ ဝါသနာပါတဲ့သူတွေအတွက် တကယ့်ကို အသုံးတည့်မယ့် application လေးပါ။

ကိုယ်ဆိုနေတဲ့ သီချင်းသံကို record လုပ်ထား ပြီး အမိုက်စား effects တွေနဲ့ ပြန် edit လို့ရပါတယ်။ သီချင်းသံ အပြင် guitar, drum, piano စတဲ့ ကိရိယာတွေရဲ့အသံတွေပါ record လုပ်ပေးနိုင်တဲ့ တကယ့်ကို ပြီးပြည့်စုံတဲ့ phone ထဲက studio အသေးစားလေးဖြစ်တယ်။ Tempo, Mix, Stereo, Mono စတဲ့ edit လုပ်နိုင်မယ့် systems တွေလည်း ပါဝင်တဲ့အတွက် ကိုယ်လိုသလို အသံတွေကို ချိန်ညှိနိုင်ပါတယ်။ Spire Studio အသေးစားလေးနဲ့တွဲပြီး အသုံးပြုလို့လည်းရသလို application တစ်မျိုးတည်းနဲ့ပဲ သီချင်းတွေကို ဖန်တီးလို့ရပါတယ်။ အပြင်နဲ့ မတူတဲ့ ကွဲပြားတဲ့ အသံကို ကြားရမှာဖြစ်လို့ သင့်အတွက် ထူးခြားတဲ့ သီချင်းတစ်ပုဒ်ဖြစ်စေမှာပါ။

Spire ကို နေရာတိုင်း အလွယ်တကူသယ်သွားနိုင်တဲ့အတွက် ကောင်းမွန်လှပတဲ့ သီချင်းတွေကို အချိန်မရွေးဖန်တီးနိုင်ပါပြီ။ ကိုယ့်ရဲ့ သီချင်းကို phone ထဲမှာ အလွယ်တကူ သိမ်းထားလို့ရသလို အခြား သူငယ်ချင်းမိတ်ဆွေတွေထံကိုလည်း share လို့ရပါတယ်။ သုံးရတာရိုးရှင်းလွယ်ကူပြီး free အသုံးပြုလို့ရမှာဖြစ်တဲ့အတွက် ဂီတဝါသနာအိုးလေးတွေ အသုံးပြုသင့်တဲ့ applicationလေးပါ။

iOS တစ်မျိုးတည်းအတွက်သာအသုံးပြုနိုင်ဦးမှာဖြစ်ပြီး free to download ဖြစ်ပါတယ်။ ဒီဇင်ဘာ၆ရက်နေ့ကမှ နောက်ဆုံး update version 2.3.0 ထွက်ရှိထားတာပါ။ iOS version 10.0 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

 

 

Image Source – Spire Multitrack Recorder

,

Leave a Reply

Your email address will not be published. Required fields are marked *