သင့်ရဲ့ တစ်နေ့တာခြေလှမ်းအရေအတွက်ကို တိကျစွာရေတွက်ပေးမယ့် Step Counter – Pedometer Free and Calorie Counter

လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်က ကယ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။ လူတိုင်းလူတိုင်း လမ်းလျှောက်တာကို
နေ့စဉ်လုပ်ဆောင်ကြပေမယ့် လမ်းလျှောက်တဲ့ခြေလှမ်းအရေအတွက်ကိုတော့ ဘယ်သူမှမသိကြပါဘူး။ Step Counter application က သင်တစ်နေ့တာသွားခဲ့တဲ့ ခြေလှမ်းအရေအတွက် တွေကို ရေတွက်ပေးမှာဖြစ်တယ်။

ခြေလှမ်းအရေအတွက်အပြင် ကယ်လိုရီလောင်ကျွမ်းမှုတွေကိုပါတွဲပြီး ဖော်ပြပေးသွားမှာဖြစ်လို့ အရမ်းကို မိုက်တဲ့ applicationလေးပါ။ Start bottoms ကိုနှိပ်လိုက်ရုံနဲ့ စတင်ရေတွက်ပေးမှာဖြစ်ပြီး GPS ဖွင့်စရာမလိုတဲ့အတွက် battery စားသက်သာစေမှာဖြစ်တယ်။

ပိုက်ဆံအိတ် ၊ အင်္ကျီအိတ် ၊ ဘောင်းဘီအိတ် စတဲ့ အိတ်တွေထဲကို smart phone ကိုထည့်ထားလိုက်ရုံနဲ့ သင်သွားခဲ့တဲ့ နေရာတိုင်းအတွက် ခြေလှမ်းတွေကို ရေတွက်ပေးထားမှာပါ။ နေ့ရက်တွေရဲ့ ခြေလှမ်းအရေအတွက်ကို အချိန်ဇယားနဲ့တကွ ဖော်ပြပေးသွားမှာဖြစ်သလို အပတ်စဉ်၊လစဉ် အလိုက် တိုးတက်ပြောင်းလဲမှုကို graphs နဲ့ ပြသပေးမှာပါ။

ကယ်လိုရီလောင်ကျွမ်းမှု ကိုပါသိနိုင်တဲ့အတွက် ဝိတ်ကျချင်လိုသူတွေအတွက် သင့်တော်ပါတယ်။ Features တွေ အားလုံးကို အခမဲ့အသုံးပြုနိုင်တာကြောင့် ထပ်မံ ဝယ်ယူဖို့မလိုပါဘူး။ အသုံးပြုဖို့အတွက် sign in လုပ်စရာမလိုတဲ့အတွက် လွယ်ကူရိုးရှင်းစွာ
အသုံးပြုနိုင်ပါတယ်။ Battery စားသက်သာတဲ့ application ဖြစ်တာမို့ ဖွင့်ထားရင် battery ကုန်သွားမှာလည်း မပူရပါဘူး။

Android အတွက်ပဲအသုံးပြုနိုင်မှာဖြစ်ပြီး version 4.1 နှင့်အထက်တွင် free download လုပ်ယူနိုင်ပါတယ်။ Google Play ရဲ့ ၂၀၁၇ အကောင်းဆုံး application ဆုကို ရရှိထားပြီး rating ပိုင်းမှာလည်း 4.7 အထိရရှိထားပါတယ်။

 

 

Image Source : Step Counter – Pedometer Free and Calorie Counter

,

Leave a Reply

Your email address will not be published. Required fields are marked *