Sticky AI နဲ့ ဓာတ်ပုံတွေကို စတစ်ကာအဖြစ် ဖန်တီးလိုက်ပါ

Messenging applications တွေက တစ်ယောက်နဲ့ တစ်ယောက် စာတိုပေးပို့ပြီး ဆက်သွယ်တဲ့နေရာမှာ အကုန်အကျသက်သာပြီး လျင်မြန်စွာ အသုံးပြုနိုင်တဲ့ app တွေဖြစ်ကြပါတယ်။ Messenger app တွေနဲ့ chat ကြပြီဆိုရင် conversation ကို ပိုပြီးအသက်ဝင်စေဖို့အတွက် မရှိမဖြစ်လိုအပ်လာတာ စတစ်ကာလေးတွေပဲဖြစ်ပါတယ်။ ပုံစံအမျိုးမျိုး ရှိတဲ့ ကာတွန်း စတစ်ကာတွေကို download ဆွဲပြီး အသုံးပြုကြသလို့ အချို့ကလည်း ကိုယ့်ရဲ့ မျက်နှာနဲ့ ကိုယ်ပိုင် စတစ်ကာတွေပြုလုပ်ပြီး အသုံးပြုကြပါတယ်။ အဲ့တာကြောင့် စတစ်ကာ ပြုလုပ်တဲ့ application တွေထဲမှာ အမိုက်စား app တစ်ခုဖြစ်တဲ့ Sticky AI အကြောင်းကို ပြောပြချင်ပါတယ်။

Sticky AI က Selfie ဓာတ်ပုံတွေကို selfie-sticker တွေအဖြစ် အချိန်ခဏလေးအတွင်းမှာ ပြောင်းပေးမယ့် app ဖြစ်ပါတယ်။ ရိုက်ထားတဲ့ ဓာတ်ပုံအတိုင်းကို စတစ်ကာ အဖြစ်ပြောင်းပေးမှာဖြစ်တာကြောင့် ကိုယ့်ရဲ့ မျက်နှာကို ထင်ထင်ရှားရှားတွေ့ရမှာပါ။ Animated sticker, still sticker နှစ်မျိုးစလုံးဖန်တီးနိုင်ပါတယ်။ Animated (GIF) sticker ပြုလုပ်ချင်ရင်တော့ camera အလယ်က button အဝိုင်းလေးကို နည်းနည်း ကြာကြာဖိထားပေးရမှာဖြစ်ပါတယ်။

နောက်ခံ background ကိုဖျောက်လို့ရပြီး ကိုယ်မလိုချင်တဲ့ အပိုင်းတွေကိုလည်း ဖျက်လို့ရပါတယ်။ ဒါ့အပြင် ကိုယ့်ခံစားချက်နဲ့ ကိုက်ညီတဲ့ စာသားတွေကိုပါထပ်ပေါင်းထည့်လို့ရပါသေးတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ စတစ်ကာကို ရပြီဆိုရင် collection လေးလုပ်ပြီး ဖုန်းထဲမှာ save ထားနိုင်ပါပြီ။

Conversation တွေကို ပိုပြီး အသက်ဝင်စေမယ့်အပြင် ပျော်ရွင်စရာ အခိုက်အတန့်တွေပါဖန်တီးပေးနိုင်တဲ့ app ဖြစ်ပါတယ်။ Crush ဆီကို စာပို့ရင် Selfie-sticker တွေများများပို့ပေါ့နော်… ကိုယ့်ရဲ့ စတစ်ကာတွေကြည့်ပြီး Crush က ကိုယ့်ကို ပြန်ကြွေရင်
ပြန်ကြွေသွားနိုင်ပါတယ် အဲ့လဲ့ xD !!!

ဖိုင်အရွယ်အစားကတော့ သိပ်ပြီးမများပါဘူး။ iOS မှာ 56.8 MB နဲ့ android မှာ 13MB ပဲရှိပါတယ်။ Play Store နဲ့ App Store တို့မှာ အခမဲ့ ဒေါင်းလုတ်လုပ်နိုင်ပါတယ်။

 

Download – Android/ IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *