ကိုယ့်ရဲ့ဖုန်းမှာ Storage ဘယ်လောက်ထိကျန်သေးလဲ ပြသပေးနိုင်တဲ့ Google Play Store ရဲ့ feature အသစ်

ခုတစ်ခေါက်မှာတော့ Android ဖုန်းတိုင်းလိုလိုမှာရှိတဲ့ Google Play Store မှာပါလာတဲ့ feature အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ အကယ်၍ သင်က Android အသုံးပြုသူတစ်ယောက်ဆိုရင် ဒီ feature လေးအကြောင်းကို သေချာပေါက် ဖတ်ကြည့်သွားသင့်ပါတယ်နော်။ အသုံးပြုပုံလေးကို ဆက်ပြီးဖော်ပြပေးပါမယ်။

Android အသုံးပြုသူတစ်ယောက်က Google Play ကို ဖွင့်လိုက်ပြီး ကိုယ့်ရဲ့ ဖုန်းထဲမှာ install လုပ်ပြီးသား app တွေကို စစ်ကြည့်လိုက်မယ်ဆိုရင်ပဲ indicator feature အသစ်က app အသစ်တွေအတွက် storage နေရာ ဘယ်လောက်ထိရှိလဲကို ပြသပေးမှာပါ။ Storage status feature က အသုံးပြုသူရဲ့ ဖုန်းမှာ internal storage ဘယ်လောက်ရာခိုင်နှုန်းထိရှိလဲဆိုတာကို ပြပေးမှာ ဖြစ်ပြီး storage နေရာ ဘယ်လောက်ထိ ဆန့်သေးလဲဆိုတာကိုလည်း ပြပေးတယ်လို့ သိရပါတယ်။

အဆိုပါ feature အသစ်ကို သုံးချင်တယ်ဆိုရင် Google Play ကိုဖွင့်လိုက်ပြီး search bar ရဲ့ ဘယ်ဘက် ဒေါင့်မှာရှိတဲ့ hamburger menu လေးကို ထိဖို့ လိုပါတယ်။ အဲ့ဒီမှာ My app & games ဆိုတာလေးကိုရွေးပြီး နှိပ်လိုက်ရင် ထိပ်ဆုံးမှာ အချက်အလက်လေးတွေ ကိုကြည့်လို့ရပါပြီ။ အကယ်၍ သင့်ရဲ့ဖုန်းမှာ storage နေရာပြည့်နေပြီဆိုရင်လည်း အဲ့ဒီ Storage status bar လေးကိုပဲနှိပ်ပြီး storage နေရာ လွတ်အောင် အသုံးမလိုတော့တဲ့ app လေးတွေကိုရွေးပြီး uninstall လုပ်ပေးနိုင်ပါတယ်။

ဒီ feature အသစ်လေးမှာ ထူးခြားတာလေးရှိပါသေးတယ်။ အဲ့တာက သိပ်ပြီး အသုံးပြုလေ့ အသုံးပြုထမရှိတဲ့ app တွေကို ထိပ်ဆုံးမှာတွေ့ရတာပါ။ အသုံးအပြုဆုံး app တွေကိုတော့ အောက်ဆုံးမှာတွေ့ရမှာပါ။ အသုံးအနည်းဆုံးကနေ အသုံးအများဆုံးကို စီစဉ်ဖော်ပြပေးထားမှာဖြစ်လို့ app ရွေးချယ်တဲ့နေရာမှာ အထောက်အကူ အများကြီး ဖြစ်စေနိုင်ပါတယ်။

Google Play Store ရဲ့ ခုတစ်ခေါက် feature အသစ်က အားလုံးနဲ့ စိမ်းနေမယ့် feature တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ကို Android ဖုန်းတိုင်းရဲ့ setting မှာ ရှာတွေ့နိုင်လို့ပါ။ ဒါပေမယ့် app လေးတွေကို download လုပ်ရင်း storage နေရာကို manage လုပ်ချင်တယ်ဆိုရင်တော့ ခု feature လေးက တကယ့်ကို အသုံးဝင်မှာပါ။ စိတ်ဝင်စားရင် စမ်းကြည့်ဖို့ recommend ပေးချင်ပါတယ်။

Source- www.phonearena.com

Leave a Reply

Your email address will not be published. Required fields are marked *