Stranger Things နဲ့ Star Wars တို့အတွက် Google Pixel 2/2XL Camera တို့မှာထွက်ရှိထားတယ့် AR Stickers!

Google Pixel 2 နဲ့ Pixel 2 XL Camera မှာ Stranger Things နဲ့ Star Wars တို့အတွက် AR(Augmented Reality) Stickers တွေထွက်ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ Google ကကျင်းပတဲ့ အောက်တိုဘာ ၄ ရက်နေ့ Hardware Event မှာဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ AR Technology Sticker တွေဖြစ်တာကြောင့် Fan တွေကိုတကယ်အားရစေမှာပါ။

Stranger Things ထဲက Character တွေ၊ အကောင်ကြီးတွေကိုတွေ့မြင်ရမှာ ဖြစ်သလို Star War : The Last Jedi ထဲက Spaceship တွေ၊ Lightsaber တွေနဲ့လည်းထိတွေ့ရမှာ ဖြစ်ပါတယ်။ The Last Jedi လည်းမကြာခင်ထွက်ရှိတော့မှာဖြစ်တာကြောင့် ဒီ AR Sticker လေးတွေကို ကလိရင်း Mood သွင်းလို့ရမှာလည်းဖြစ်ပါတယ်။

အကယ်၍မိတ်ဆွေရဲ့ ဖုန်းထဲမှာ Google Pixel 2 Camera ရှိနေတယ်ဆိုရင်တော့ New Version ကို Update လုပ်ရုံနဲ့ AR Sticker တွေကို ထိတွေ့ခံစားနိုင်မှာပဲဖြစ်ပါတယ်။ မရှိသေးဘူးဆိုရင်တော့ Download အရင်လုပ်ရမှာပဲဖြစ်ပါတယ်။ AR Sticker တင်ရှိနေတာမဟုတ်ပဲ ပုံမှန် Camera ထက်ကောင်းတဲ့ အခြား Features တွေလည်းရှိနေတာကြောင့် မိတ်ဆွေအတွက်အကျိုးယုတ်မှာမဟုတ်ပါဘူး။

Download ရမယ့်ပုံစံနည်းနည်းလည်နေရင် အောက်က Video ကိုကြည့်လိုက်ပါ!

 

 

 

Source : 9T5

Leave a Reply

Your email address will not be published. Required fields are marked *