ခန့်ညားတဲ့ ပန်းချီတွေကို ဖန်တီးရာမှာ အထောက်အကူဖြစ်စေမယ့် Tayasui Sketches

 လူအများစုက သူတို့ရဲ့ အတွေးတွေကို ရှင်းလင်းပစ်ဖို့နဲ့ စိတ်တည်ငြိမ်ဖို့ အတွက် ပန်းချီဆွဲကြပါတယ်။ ပန်းချီဆွဲတာက တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားစေပြီး မှတ်ဉာဏ်အားကို တိုးတက်စေတယ် လို့လည်းကြားဖူးပါတယ်။ ပန်းချီ တစ်ခုဖြစ်လာဖို့အတွက် စိတ်ကူးပုံဖော်မှုသာမက  စုတ်ချက်တွေရဲ့ ကဏ္ဍကလည်း အရေးပါပါတယ်။

Tayasui Sketches က mobile devices တွေအတွက် သဘာဝအကျဆုံး ပန်းချီတွေ ဖန်တီးနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ App ထဲမှာ အသုံးပြုနိုင်တဲ့ ပုံဆွဲ ကိရိယာတွေက သင့်ကို  ထူးချွန်ပြောင်မြောက်တဲ့ ပုံကြမ်းတွေ ၊ ကြည်နူးဖွယ်ရာ ပန်းချီတွေ နဲ့ အားရကျေနပ်စရာကောင်းတဲ့ ရုပ်ပုံတွေ ဖန်တီးဖို့အတွက် ကူညီပေးနိုင်ပါတယ်။

ပုံဆွဲကိရိယာ အမျိုး ၂၀ ကျော်ပါဝင်မှာဖြစ်လို့ ကိုယ်ဆွဲထားတဲ့ ပန်းချီနဲ့ ကိုက်ညီမှုရှိတာ ကိုရွေးချယ်သုံးနိုင်ပါတယ်။ ကိုယ်ဆွဲထားတဲ့ ပန်းချီတွေကို စာအုပ် (သို့) ဖိုင်တွေထဲ အစီအစဉ်တကျ လွယ်ကူစွာထည့်သွင်းနိုင်ပါတယ်။

ဒါ့အပြင် စုတ်ချက်တစ်ချက်စီတိုင်းက တကယ့် စာရွက်သားမှာ ပန်းချီဆွဲနေရသလို ခံစားချက်ကို ပေးနိုင်ပါတယ်။ လှုပ်ရှားမှုတိုင်းရဲ့   ဖိအား ၊ ရှုထောင့် နဲ့ အကျယ်ကိုလည်း စိတ်ကြိုက် ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဖန်တီးထားတဲ့ ပန်းချီတွေကို   လွယ်ကူစွာ သိမ်းဆည်းထားလို့ရတဲ့အပြင် အခြားသူတွေထံပါ ဝေမျှ လို့ရတဲ့အတွက် ကိုယ့်ရဲ့ ပန်းချီအရည်အသွေးကို လူတိုင်းသိအောင်ချပြနိုင်ပါပြီ။

 

အသုံးပြုနိုင်တဲ့ ပုံဆွဲကိရိယာစာရင်း ကိုအောက်မှာဖော်ပြပေးထားပါတယ်။

-Pen

– Rotring

– Felt Pen

– Pen Brush

– Oil Pastel

– Watercolor Dry and Wet brushes

– Acrylic brush

– Airbrush

– Area and Filling tool

– Patterns

– Text (iPad only)

– Shapes (iPad only)

– Eraser

– Cutter

– Smudge tool

– Ruler

IOS တစ်မျိုးတည်းအတွက်ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Source ကို iTune ကနေ ref လုပ်ပြီးဖော်ပြပေးထားတာပါ။

 

Source – Tayasui Sketches

,

Leave a Reply

Your email address will not be published. Required fields are marked *