ပြည်တွင်းစမတ်ဖုန်းစျေးကွက်မှာမကြာခင်မြင်တွေ့ရတော့မယ့် Tecno ရဲ့ Camon CM

Camon CM အမည်ရှိတဲ့ Smartphone ကိုတော့ဖေဖော်ဝါရီလကုန် (အတိအကျပြောရရင်ဖေဖော်ဝါရီ ၂၆ ရက်နေ့) မှာ မိတ်ဆက်ပြသပြီးရောင်းချသွားမယ်ဆိုတဲ့အကြောင်းကိုတော့ Tecno Mobile Myanmar ကနေတစ်ဆင့်သိရှိခဲ့ရတာပဲဖြစ်ပါတယ်။ Camon CM ဟာ Tecno ရဲ့နောက်ဆုံးထွက် Smartphone အမျိုးအစားဖြစ်ပြီး အရွယ်အစားက ၅.၇ လက်မအထိရှိပါတယ်။ ကင်မရာပိုင်း အရှေ့ရော အနောက်ရော 13 MP စီအသီးသီးပါဝင်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်ဟာ 18:9 full HD display ဖြစ်ပြီး ဘေးဘောင်မဲ့ဖြစ်နေတာကိုတွေ့ရမှာပါ။ OS ကတော့ Android Nougat version နဲ့လာမှာဖြစ်ပါတယ်။

စျေးနှုန်းဟာ ၂ သိန်းအောက်လောက်သာရှိနေမယ်လို့ဆိုထားပါတယ်။ 18:9 ဘေးဘောင်မဲ့မျက်နှာပြင် စမတ်ဖုန်းကို ၂ သိန်းအောက်စျေးနှုန်းနဲ့ဝယ်ယူနိုင်မှာဖြစ်တာကြောင့် ထူးခြားလှတဲ့အခွင့်အရေးတစ်ခုလို့ဆိုရမှာပါ။ ၂ သိန်းအောက် ဆိုတော့အများဆုံးစျေးနှုန်းကို ၁,၉၉၉၉၉ ကျပ်အထိခန့်မှန်းထားနိုင်ပါတယ်?)။ စျေးနှုန်းကမိုက်နေသလို Camon CM ကလည်းဘယ်လိုအလန်းစားပုံစံတွေနဲ့ရောက်ရှိလာမလဲဆိုတာကိုတော့မကြာခင်ရက်အနည်းငယ်အတွင်းမှာမြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Source

, ,

Leave a Reply

Your email address will not be published. Required fields are marked *