Enjoy 7s ကို PSmart အမည်နဲ့ရောင်းချတော့မယ့် Huawei!

ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလတုန်းက Huawei အနေနဲ့ Huawei Enjoy 7s အမည်ရှိတဲ့ Mid-range Smartphone အမျိုးအစားကိုတရုတ်နိုင်ငံမှာဖြန့်ချီခဲ့တာပဲဖြစ်ပါတယ်။ တရုတ်မှာစတင်ဖြန့်ချီခဲ့တဲ့  Huawei Enjoy 7s ဟာအခုဆိုရင် Mobile reporter တစ်ဉီးဖြစ်သူ Evan Blass ရဲ့ Twitter မှာ ဖော်ပြချက်အရ တရုတ်နိုင်ငံပြင်ပမှာရှိတဲ့ တခြားဒေသတွေမှာ Huawei PSmart အမည်နဲ့ဖြန့်ချီတော့မယ်လို့ ယူဆရပါတယ်။

 

The Huawei PSmart will feature a 5.65-inch, 18:9, 1080 x 2160 LCD display, octa-core Kirin 659 chip (4 x 2.36 GHz + 4 x 1.7 GHz), and 3 GB /32 GB or 4 GB / 64 GB storage variations. Meanwhile, the device will measure ~7.5 mm in thickness, weigh 143 g and include a 3,000 mAh battery. It will arrive running Android 8.0 Oreo out of the box with Huawei’s EMUI 8.0.
Source :androidauthority

Huawei P Smart ရဲ့ Feature တွေကိုကြည့်ရင် Enjoy 7s နဲ့ဘာမှကိုမကွာဟပါဘူး။ Enjoy 7s ရဲ့ Detail ကိုသိချင်ရင်တော့ အောက်ပါ link ကနေဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Huawei Enjoy 7s

ကျွန်တော်ဖော်ပြပေးထားတဲ့ link ကိုကြည့်ပြီးပြီဆိုရင်တော့ Enjoy 7s နဲ့ P Smart တို့ဟာ အရွယ်အစားအပိုင်း၊ Display အပိုင်း၊ Storage version အပိုင်း၊ Android system အပိုင်းအစရှိတာတွေအကုန်တူညီနေတာကိုတွေ့ရမှာပါ။

The Enjoy 7S goes for CNY1,499 and CNY1,699 ($226/€192 and $256/€218), but the P smart will cost a bit more since it will come with Google services.
Source :gsmarena

Enjoy 7s ရဲ့စျေးနှုန်းကတော့ USD 200$ ကျော်လောက် အထိရှိခဲ့ပါတယ်။ အခုဇန်နဝါရီလထဲမှာထွက်ရှိလာမယ့် Huawei PSmart ရဲ့စျေးနှုန်းကိုတော့တိတိကျကျမသိသေးပေမယ့် Google Service တွေကြောင့် Enjoy 7s တုန်းကစျေးနှုန်းထက်တော့အနည်းငယ်ပိုများနေတော့မှာပဲဖြစ်ပါတယ်။

,

Leave a Reply

Your email address will not be published. Required fields are marked *