U.S မှာ USD 150 အထိစျေးကျသွားတဲ့ Huawei Mate 10 Pro

U.S ရဲ့အကြီးမားဆုံး Online retailer တွေဖြစ်ကြတဲ့ BestBuy, Newegg, B&H, Amazon တို့မှာ Huawei Mate 10 Pro ကို ၁၉ ရာခိုင်နှုန်း ပရိုမိုးရှင်း USD 150 အထိစျေးလျော့ရောင်းချနေပြီပဲဖြစ်ပါတယ်။

A screenshot image from Newegg

U.S အစိုးရအနေနဲ့ Huawei ဖုန်းမှာပါဝင်တဲ့ Network မှာ သုံးစွဲသူတွေအပေါ် စပိုင်လုပ်နေတဲ့ ကိရိယာရှိနေတယ် ဆိုတဲ့သံသယကြောင့် Huawei device တွေ U.S မှာရောင်းချခွင့်ကိုကန့်သတ်နေတာပဲဖြစ်ပါတယ်။ Verizon, AT&T အစရှိတဲ့ U.S online retailer အကြီးကြီးတွေက Huawei device တွေကိုလက်ခံရောင်းချခြင်းမရှိတော့ပေမယ့် BestBuy, Newegg, B&H နဲ့ Amazon တို့မှာတော့ အခုထိရောင်းချနေဆဲပါ။ (BestBuy ကတော့ အခုကျန်ရှိနေတဲ့ Huawei device တွေကုန်သွားရင် ဆက်လက်ရောင်းချဖို့အစီအစဉ်မရှိတော့ပါဘူး။) Amazon, Newegg, B&H တို့အနေနဲ့လည်း BestBuy လိုရည်ရွယ်ချက်ရှိနေရင်တော့ Huawei ဟာ U.S စမတ်ဖုန်းစျေးကွက်မှာ ပျောက်ကွယ်သွားတဲ့အထိဖြစ်သွားမှာပါ။

Huawei Mate 10 Pro ဟာ ၂၀၁၇ အောက်တိုဘာလ ကမှစတင်မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းအမျိုးအစားဖြစ်ပါတယ်။ အရွယ်အစား ၆ လက်မ ရှိနေပြီး OLED display နဲ့အတူ 1080 x 2160 FHD+ resolution ပါဝင်ပါတယ်။ AI အခြေခံ Kirin 970 chipset ပါဝင်ပြီး 6 GB RAM, 128 GB / 4 GB RAM, 64 GB နှစ်မျိုးနဲ့ထွက်ရှိထားပါတယ်။ အနောက်ကင်မရာဟာ Dual camera ဖြစ်ပြီး 12MP (f/1.6) + 20MP (f/1.6) ပါဝင်ပါတယ်။ အရှေ့ Selfie ကင်မရာကတော့ 8MP (f/2.0) ဖြစ်ပါတယ်။ ဘက်ထရီသိုလှောင်မှုဟာ 4000mAh ဖြစ်ပြီး Android 8.0 နဲ့ Huawei ရဲ့နောက်ဆုံးထွက် EMUI 8.0 အသုံးပြုထားပါတယ်။

ဒီသတင်းကို သုံးသပ်ကြည့်ရင် Huawei ဟာ U.S စမတ်ဖုန်းမာကတ်မှာ အင်အားတဖြည်းဖြည်းလျော့နည်းလာတာကိုသတိထားမိမှာဖြစ်ပါတယ်။

 

Source: BestBuy, Newegg, B&H, Amazon

, ,

Leave a Reply

Your email address will not be published. Required fields are marked *