လာမယ့် New Year ကစပြီး mobile phone အချို့မှာ အသုံးပြုနိုင်တော့မှာ မဟုတ်တဲ့ WhatsApp

Social Media application တစ်ခုဖြစ်တဲ့ WhatsApp ဟာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းမှစတင်ပြီး mobile phone အချို့မှာ အသုံးမပြုနိုင်တော့ဘူးလို့သိရပါတယ်။ နည်းပညာ ပြောင်းလဲမှုတွေကြောင့် အသုံးပြုသူ တစ်ဘီလီယံ ကျော်ရှိနေပြီ ဖြစ်တဲ့ WhatsApp ဟာ အခုလိုဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ WhatsApp application ကို ၂၀၀၉ခုနှစ်မှ စတင်အသုံးပြုနိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၈နှစ်ခန့် ကြာခဲ့ပါပြီ။

 

You won’t be able to use WhatsApp on the following platforms for:
-Nokia Symbian S60 after June 30, 2017
-BlackBerry OS and BlackBerry 10 after December 31, 2017
-Windows Phone 8.0 and older after December 31, 2017
-Nokia S40 after December 31, 2018
-Android versions 2.3.7 and older after February 1, 2020
Source : WhatsApp

WhatsApp application ကို လာမယ့် ဒီဇင်ဘာလမှာ အသုံးမပြုနိုင်တော့တဲ့ ဖုန်းအမျိုးအစားတွေကတော့ iPhones, Android phones နဲ့ windows phones တွေပဲဖြစ်ပါတယ်။ ဇန်နဝါရီလတစ်ရက်နေ့မှာ BlackBerry OS, BlackBerry 10 နဲ့ 8.0 နှင့် 8.0အောက် windows phone တွေအတွက် စတင်ရပ်တန့်တော့မှာဖြစ်တယ်။ လာမယ့်၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁မှာတော့ Nokia S40 အတွက် ရပ်တန့်မှာဖြစ်ပြီး Android versions 2.3.7 နဲ့ 2.3.7အောက်နိမ့်တဲ့ devices တွေကို ဖေဖော်ဝါရီလ၁ရက်၊၂၀၂၀ ခုနှစ် ကစပြီး ရပ်တန့်တော့မှာလည်းဖြစ်ပါတယ်။ ။ Nokia Symbian S60 ဆိုရင် ဇွန်လ ၃၀ ရက်နေ့ကတည်းသုံးစွဲလို့မရခဲ့တာပဲဖြစ်ပါတယ်။

အခုလိုဆုံးဖြတ်ချက်ကို Company ဘက်ကလည်း ခက်ခက်ခဲခဲချခဲ့ရတာပဲဖြစ်ပါတယ်။ Smart Phone သုံးစွဲသူအချို့အတွက်တော့ ဒါဟာသတင်းဆိုးကြီးတစ်ခုဖြစ်နေမှာပါ။

 

 

 

Source – WhatsApp

, ,

Leave a Reply

Your email address will not be published. Required fields are marked *