တစ်နေ့တာ ဆောင်ရွက်ရမယ့် ကိစ္စ တွေကို မမေ့အောင် သတိပေးမယ့် TickTick: To Do List with Reminder, Day Planner

သူငယ်ချင်းတို့ရေ သတိမေ့ဖူးကြလား။ ကိုယ်ကတော့ ခဏခဏမေ့ဖူးပါတယ်။ ကိစ္စသေးသေးလေးတွေကို မေ့တာ အရေးမကြီးပေမယ့် အရေးကြီးတဲ့ ကိစ္စတွေကို မေ့ရင် တကယ့်ကို ကွိုင်တတ်မှာနော် ?…အခု မိတ်ဆက်ပေးမယ့် application လေးက မေ့တတ်တဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ စိတ်ဝင်စားရင် ဆက်ပြီး ဖတ်ကြည့်သွားပေးနော်။

 

Tick Tick application က သင့်ရဲ့ တစ်နေ့တာ စီစဉ်ဆောင်ရွက်ရမယ့် ကိစ္စတွေကို အချိန်အတိအကျနဲ့ မှတ်သားထားပေးမှာပါ။ အရေးကြီးတဲ့ schedule တွေ၊ ဈေးဝယ်ထွက်ရမယ့်အချိန်တွေ၊ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့အချိန်တွေ၊ အိမ်စာ ထပ်ရမယ့် နေ့တွေ၊ စတဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို အချိန်၊ ရက်နဲ့ တကွ မှတ်ထားနိုင်ပြီး အချိန်ကျရင် Alarm အလိုအလျောက် မြည်လာမှာပါ။


Calendar feature ပါဝင်လို့ မှတ်ထားတဲ့ ရက်မှားမှာလည်း စိတ်မပူရပါဘူး။ အချိန်အတိအကျ ရောက်မှ Reminder က Alarm မြည်ပြီး သတိပေးမှာဖြစ်လို့ အရေးကြီးတဲ့ ကိစ္စတွေဆိုရင် ချိန်းထားတဲ့အချိန်ထက် တစ်နာရီ၊ နှစ်နာရီ လောက်စောပြီး မှတ်ထားသင့်ပါတယ်။ တစ်ပတ်တစ်ခါ တနင်္လာနေ့ ကနေ တနင်္ဂနွေနေ့ အထိ လုပ်ရမယ့် အရေးကြီး ကိစ္စတွေကို ကြိုတင်မှတ်သားထားနိုင်လို့ သင့်ရဲ့ မေ့တတ်တဲ့ အကျင့်ကို ပြင်နိုင်ပါပြီ။ Tick Tick ထဲမှာ review ထက်ကို ပိုကောင်းတဲ့ functions တွေ အများကြီး ပါဝင်သေးတာ
မို့လို့ ကိုယ်တိုင်သုံးကြည့်စေချင်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free အသုံးပြုနိုင်ပါတယ်။ Rating ပိုင်းမှာ Android အတွက် 4.5 နဲ့ iOS အတွက် 4.8 အထိ ရရှိနေပါပြီ။

 

Image Source – TickTick: To Do List with Reminder, Day Planner

, ,

Leave a Reply

Your email address will not be published. Required fields are marked *