ဒေါ်လာ၂၀၀အောက်နဲ့ ဝယ်ယူနိုင်မယ့် Chinese brand Smartphone ၅ ခု

အခုတစ်ခေါက်မှာတော့ ဒေါ်လာ၂၀၀ အောက် ၊ မြန်မာငွေ ၂သိန်းကျော်လောက်နဲ့ သုံးလို့ကောင်းမယ့် တရုတ်ဖုန်း ၅ ခု ကို မိတ်ဆက်ပေးသွားပါမယ်။ ဈေးတန်တန်လေးနဲ့ သုံးလို့ကောင်းမယ့်ဖုန်း အမျိုးအစားတွေကို ရှာနေတယ်ဆိုရင်တော့ ဖတ်ကြည့်သွားသင့်ပါတယ်။

Xiaomi Redmi Note 5

ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ အမျိုးအစားကတော့ Xiaomi Redmi Note 5 ပဲဖြစ်ပါတယ်။ ဒီဖုန်းကို Qualcomm Snapdragon 636 တပ်ဆင်ထားပြီး internal storage 32GB နဲ့ RAM 3GB ပါဝင်ပါတယ်။ Hardware ပိုင်းမှာလည်း Resolution 1080px(FHD+) ရှိတဲ့ ၅.၉၉ လက်မ LCD IPS display ကို တပ်ဆင်ထားပါတယ်။ ၅.၉၉ လက်မ ဆိုတော့ ၆လက်မနီးနီးရှိတဲ့အတွက် မျက်နှာပြင် အရွယ်အစားကတော့ ကြီးတယ်လို့ဆိုနိုင်ပါတယ်။

Camera ပိုင်းအနေနဲ့လည်း Redmi Note 5 ကသိပ်ပြီးမဆိုးပါဘူး။ 12MP rear shooter ကို 5MP sensor နဲ့ ပေါင်းစပ်ထားတာကြောင့် ဓာတ်ပုံတွေကို shallow depth of field effect နဲ့ ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် ရှေ့ကင်မရာက 13MP တောင် ရှိတဲ့အတွက် Selfie ပုံတွေကို လှပစွာ ရိုက်ယူနိုင်ပါတယ်။

ဘက်ထရီပိုင်းမှာလည်း 4000mAh battery ကို တပ်ဆင်ထားတဲ့အတွက် ဘက်ထရီးစားနှုန်းလည်း သက်သာပါတယ်။ Android 8.0 Oreo ကို အသုံးပြုထားပြီး Global version ဖြစ်တဲ့ 4G Network ကိုထောက်ပံ့ပေးထားပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေနဲ့ ဆိုရင် 64GB/RAM 4GB ရိုးရိုး version ကို ၂သိန်း၄သောင်းကျော်နဲ့ Global version ဆိုရင် ၂သိန်း၇သောင်း လောက်ကျသင့်မယ်လို့ သိရပါတယ်။

 

Xiaomi Redmi S2

နောက်ထပ် ဈေးသက်သာပြီး သုံးလို့ကောင်းတဲ့ Xiaomi ရဲ့ device တစ်ခုကတော့ Xiaomi Redmi S2 ပဲဖြစ်ပါတယ်။ Redmi S2 က selfie ပိုင်းကို ဦးစားပေးထားတဲ့အတွက် ဓာတ်ပုံရိုက်ဝါသနာပါတဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ ရုပ်ထွက် 16MP အထိရှိတဲ့ selfie snapper နဲ့ 2um large pixels ပါဝင်ပြီး နောက်ကင်မရာမှာ လည်း 12MP+5MP Compo ပါဝင်ပါတယ်။ ဒါ့အပြင် AI နည်းပညာကိုပါ ထည့်သွင်းထားတယ်လို့သိရပါတယ်။

Face ID နည်းပညာပါဝင်ပြီး 3080mAh ဘက်ထရီကိုအသုံးပြုပေးထားပါတယ်။ ဒါ့အပြင် Qualcomm Snapdragon 625 တပ်ဆင်ထားပြီး screen အရွယ်အစားက ၅.၉၉ လက်မ အရွယ်အစား ရှိတဲ့ HD+ display ကိုလည်းအသုံးပြုပေးထားတာကိုတွေ့ရမှာပါ။ RAM 3GB နဲ့ internal storage က 32GB အထိရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၀ (မြန်မာငွေ- ၂သိန်းစွန်းစွန်း) ထက်မကျော်ဘူးလို့သိရပါတယ်။

 

Lenovo S5

အပေါ်မှာ ဖော်ပြသွားတဲ့ Xiaomi ဖုန်းနှစ်ခုလိုပဲ Lenovo S5 ကလည်း ဈေးသက်သားပြီး သုံးလို့ကောင်းတဲ့ အမျိုးအစားထဲမှာပါပါတယ်။ သူ့မှာ Qualcomm Snapdragon 625 တပ်ဆင်ထားပြီး screen အရွယ်အစား ၅.၇ လက်မရှိပါတယ်။ Resolution က 2160 ကို သတ္တုအပြည့် စီးရီး ၆၀၀၀ aluminum ကိုယ်ထည် အတွင်းမှာ မြှပ်ထားပါတယ်။

အခြား spes တွေကတော့ F/2.2 aperture နဲ့ 13MP rear shooter ကင်မရာ ၊ 16MP selfie snapper ၊ 3000 mAh battery ၊ 4G ကွန်ရက် ၊ Android 8.0 Oreo ကိုအသုံးပြုပေးထားပြီး charging နဲ့ data sync အတွက် USB Type-C ကို စိုက်ထားပါတယ်။ ဈေးနှုန်းကတော့ ၁၅၆ ဒေါ်လာ (မြန်မာငွေ – ၂သိန်းစွန်းစွန်း) ကနေစပြီး GB အလိုက်တန်ဖိုးမြှင့်သွားမှာဖြစ်ပါတယ်။

 

Meizu M6S

နောက်ထပ်ဈေးနှုန်းသက်သာတဲ့ ဖုန်းကတော့ ဒေါ်လ ၁၅၀ အောက် (မြန်မာငွေ – ၁သိန်းကျော်ကျော်လောက်) နဲ့ စတင် ဝယ်ယူနိုင်မယ့် Meizu M6S ဖြစ်ပါတယ်။ Screen အရွယ်အစား ၅.၇ လက်မ HD+display နဲ့ Samsung Exynos 7872 hexa-core CPU တပ်ဆင်ထားပြီး RAM 3GB နဲ့ internal storage 32GB (သို့) 64 GB ပါဝင်ပါတယ်။

M6S မှာ F/2.0 aperture နှင့် PDAF နဲ့အတူ 16 MP ရှိတဲ့ နောက်ကင်မရာ ကိုတွေ့ရပါတယ်။ Selfie snapper က 8MP ရှိပါတယ်။ 3000mAh battery နဲ့ fingerprint scanner ပါဝင်ပြီး global LTE ဖြစ်တဲ့ 4G network အသုံးပြုလို့ရပါတယ်။

 

HUAWEI Y7 Pro 2018

နောက်ဆုံးတစ်ခု မိတ်ဆက်ပေးချင်တဲ့ အမျိုးအစားကတော့ HUAWEI Y7 Pro (2018) ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ အတိ (မြန်မာငွေ – ၂သိန်း၇သောင်း) လောက်ရှိတယ်လို့ကြားပါတယ်။ Y7 Pro က ရိုးရှင်းတဲ့ပုံစံနဲ့ သတ္တု ကိုယ်ထည်အပြည့်ဖုန်းဖြစ်ပါတယ်။ ၅.၉၉ လက်မ 1440×720 ရှိတဲ့ display နဲ့ ရှေ့ကင်မရာက 8.0MP ရှိပါတယ်။ နောက်ဘက်မှာလည်း 13.0MP + 2.0MP camera combo ပါရှိတာကြောင့် a shallow depth of field effect တွေကို ရိုက်ကူးနိုင်ပါတယ်။

RAM 3GB နဲ့ internal storage 32GB ရှိပြီး အကျိုးသက်ရောက်မှုအားကောင်းတဲ့ Qualcomm MSM8937 (SD 430) ကိုတပ်ဆင်ထားပါတယ်။ Android Oreo ကိုအခြေခံဖန်တီးထားတဲ့ EMUI 8.0 ပါဝင်ပြီး ဘက်ထရီ capacity 3000mAh ရှိပါတယ်။

အခုဖော်ပြသွားတဲ့ နှုန်းထားတွေက ဒေါ်လာဈေးအတတ်အကျကိုမူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါတယ်။ အမျိုးအစား ငါးခုကိုပဲရွေးချယ်ဖော်ပြထားတဲ့အတွက် ဒီစာရင်းထဲမှာ မပါသွားတဲ့ အခြားကောင်းမွန်တဲ့ ဖုန်းအမျိုးအစားတွေလည်း ရှိကောင်းရှိပါမယ်နော်။ ၂၀၁၈ ခုနှစ် ဇွန်လအထိ နောက်ဆုံးထွက်ရှိထားတဲ့ ဖုန်းတွေထဲက ရွေးချယ်ဖော်ပြပေးထားတာကြောင့် ဒီထဲမှာ ဇွန်လကျော်ရင် ထွက်ရှိလာမယ့် ဖုန်းတွေ လည်း မပါဝင်ပါဘူး။ အဲ့တာကြောင့် အခုဖော်ပြသွားတဲ့အထဲမှာ Asiaapps က ဘော်ဒါတို့ အကြိုက်နဲ့ ကိုက်ညီ မယ့် ဖုန်းတွေ ပါဝင်နေမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာသတင်းတွေကိုလည် Asiaapps ကနေ ထပ်မံရွေးချယ်ပြီးဖော်ပြပေးသွားပါဦးမယ်။

 

Via 1, 2

, , , ,

Leave a Reply

Your email address will not be published. Required fields are marked *