မြူးကြွတဲ့သံစဉ်တွေကို ဖန်တီးနိုင်မယ့် Trackd – Social Music Recorder

Trackd က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဂီတချစ်သူတွေနဲ့ ဂီတပညာရှင်တွေ Music တွေကို ဖန်တီးဝေမျှနိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ app ဖြစ်ပါတယ်။ အနုပညာ တီထွင်မှုတွေကို လွတ်လပ်စွာဆောင်ရွက်နိုင်ပြီး ဖန်တီးချက်တိုင်းကို လွယ်ကူစွာ မှတ်တမ်းတင်နိုင်ပါတယ်။

App ရဲ့ အဓိက အားသာချက်တွေက –

  • အသံဖမ်းဖို့နဲ့ သီချင်းတွေကို mix လုပ်ဖို့ အတွက် ရိုးရှင်းတဲ့ tools တွေအသုံးပြုနိုင်ခြင်း၊
  • ကမ္ဘာတစ်ဝှမ်းက ဂီတပညာရှင်တွေနဲ့ တွေ့ဆုံပြီး အကြံဉာဏ်များ ဝေမျှနိုင်ခြင်း၊
  • သီချင်းအသစ်များ ရှာဖွေခြင်း နှင့် သူငယ်ချင်းအသစ်များအား follow ပြုလုပ်နိုင်ခြင်း၊
  • ကိုယ့်ရဲ့ ကိုယ်ပိုင် သီချင်းတွေကို social media တွေပေါ်ဝေမျှပေးနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

Ideas Studio

Mobile ဖုန်းထဲမှာ မြန်ဆန်လွယ်ကူစွာ အသံသွင်းထားနိုင်ဖို့အတွက် 8-track ကိုအသုံးပြုနိုင်ပါတယ်။

Quick Tools

Mixer, metronome နဲ့ lyric pad ကို သီချင်း ပုံကြမ်းတွေ ဖန်တီးဖို့အတွက် အသုံးပြုနိုင်ပါတယ်။

အရမ်းကို အသုံးဝင်တဲ့ functions တွေကြောင့် Trackd ကို အိတ်ကပ်ထဲ ထည့်ထားနိုင်တဲ့ studio အသေးစား လို့တောင် ခေါ်ဆိုကြပါတယ်။ ဂီတပညာရှင်တွေအတွက်သာမက အပျော်တမ်း ဝါသနာ ရှင်လေးတွေအတွက်ပါ တကယ်ကို အသုံးဝင်မှာပါ။

နောက်ခံသမိုင်း

၁၉၆၈ ခုနှစ်မှာ Norman နဲ့ Barry Sheffield လို့ခေါ်တဲ့ ညီအကိုနှစ်ယောက်က လန်ဒန်ရဲ့ Soho မှာ Trident လို့ခေါ်တဲ့ အသံသွင်း studio လေးတစ်ခု ဖွင့်ခဲ့ကြပါတယ်။ Trident မှာ ဂီတ ဖန်တီးမှုတွေ လွှမ်းမိုးရှင်သန်ခဲ့ပြီး ဂီတနဲ့ပတ်သက်တဲ့ အထင်ကရ မှတ်တမ်းတွေ အများကြီး ပေါ်ပေါက် ခဲ့ပါတယ်။

အဲ့တာကြောင့် ဂီတ ဖန်တီးမှုတွေ အများကြီး ပေါ်ပေါက်ခဲ့တဲ့ Trident Studio လေးရဲ့ အမွေဆက်ခံသူအဖြစ် အခု Trackd app ကိုတီထွင်ခဲ့ကြခြင်းဖြစ်ပါတယ်။ သင့်အတွက် ပိုပြီးကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ပေးစွမ်းနိုင်တဲ့ app တစ်ခုဖြစ်လို့ ဂီတကို ချစ်တဲ့သူတိုင်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။

iOS တစ်မျိုးတည်းအတွက်ပဲ အသုံးပြုနိုင်ပြီး App Store မှာ အခမဲ့ download လုပ်နိုင်ပါတယ်။ App Store ရဲ့ rating 4.8 ရရှိထားပါတယ်။ ဖိုင်အရွယ်အစားက 92.7 MB ရှိပါတယ်။

 

Image Source – Trackd – Social Music Recorder

,

Leave a Reply

Your email address will not be published. Required fields are marked *