Gif တွေကိုအသံတွေထည့်ပြီးဖန်တီးထားတဲ့ TuneMoji – Sound GIFs!

ကျွန်တော်တို့ အရင်ကတွေ့မြင်ခဲ့ရတဲ့ GIFs (Graphics Interchange Format)  ဇာတ်ကောင်တွေကို Animated လုပ်ထားပြီးအသံမပါတဲ့ format တစ်ခုသာဖြစ်ပါတယ်။ အသုံးပြုရတာအဆင်ပြေခဲ့ပေမယ့် အသံမပါတာကြောင့် တစ်ခုခုလိုအပ်နေသလို ခံစားရမှာတော့အမှန်ပါပဲ။ အခုတော့အဲ့ဒီ Feeling ကိုဖယ်ရှားပေးဖို့အတွက် Emoticast ကနေ GIFs တွေကို အသံနဲ့တကွအသုံးပြုနိုင်ဖို့ TuneMoji – Sound GIFs အမည်ရှိတဲ့ Application တစ်ခုကိုဖန်တီးလိုက်ပြီဖြစ်ပါတယ်။ GIFs တွေကို အသံနဲ့တကွမြင်တွေ့ရမှာကြောင့် ပိုပြီးအသက်ဝင်လာပြီလို့လဲဆိုရမှာပါ။

“LoL”, “WTF”, “OMG” အစရှိတာတွေကတော့ TuneMoji ရဲ့ လူကြိုက်များပြီး အသုံးအပြုဆုံး keyword တွေပဲဖြစ်ပါတယ်။ TuneMoji ထဲစစချင်းဝင်လိုက်ရင် Memes, Movies, Music အစရှိတဲ့ Tag ၃ ခုကိုတွေ့ရမှာပါ။

  • Memes မှာတော့ အခုလက်ရှိ Facebook မှာရေပန်းစားနေတဲ့ Memes တွေအပြင် မိတ်ဆွေမမြင်ဘူးလောက်သေးတဲ့ Memes တွေကိုပါတွေ့ရမှာပါ။
  • Movies ကတော့ ဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းအချို့ကိုအခြေခံပြီး GIFs တွေပြုလုပ်ထားတာဖြစ်ပါတယ်။
  • Music Tag ထဲမှာတော့ တေးသံရှင်တွေနဲ့သူတို့ရဲ့ သီချင်းဆိုနေဟန်တွေကို GIFs လုပ်ထားတာကိုတွေ့ရမှာပါ။ တချို့ သီချင်းစာသားတွေကို တဖက်သားကိုနောက်တဲ့အခါမှာတော်တော်ထိရောက်တာကြောင့် ပျော်ဖို့ကောင်းမှာပါ။

TuneMoji ရဲ့အပေါ်ဆုံးမှာရှိတဲ့ Search Box ကနေကိုလိုချင်တဲ့ Meme နာမည်၊ ဖြစ်နေတဲ့ခံစားချက်၊ ကိုယ့်ရဲ့ Idol နာမည်၊ သီချင်းစာသား အစရှိတဲ့ Keyword တွေနဲ့ GIFs တွေကိုလွယ်လွယ်ကူကူရှာနိုင်မှာပဲဖြစ်ပါတယ်။ TuneMoji app ကိုဖြန့်ချီထားတာလွန်ခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလနောက်ဆုံးအပတ်လောက်ကမှာဖြစ်တာကြောင့် ပူပူနွေးနွေး app တစ်ခုလည်းဖြစ်ပါတယ်။ GIFs ကောင်းကောင်းလေးတွေအများကြီးက TuneMoji မှာရှိနေပါပြီ။ အကျိုးရှိရှိအသုံးချဖို့ကတော့ မိတ်ဆွေရဲ့တာဝန်ပါပဲ။

Android နဲ့ IOS Platform နှစ်မျိုးလုံးမှာ Free အသုံးပြုနိုင်မှာဖြစ်ပါတယ်။ TuneMoji ဟာ Android နဲ့ IOS device တွေမှာပဲအသုံးပြုဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ အကယ်၍မိတ်ဆွေအနေနဲ့ PC မှာပါအသုံးပြုချင်ရင်တော့ အောက်ပါ Emulator တစ်ခုခုကိုအသုံးချပြီး TuneMoji ကိုမိမိရဲ့ Pc မှာပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Emulator Download Link – Bluestacks 3Bluestacks MEmu

TuneMoji Download link – Android/IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *