တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Samsung Galaxy S9 နဲ့ S9+ တို့ရဲ့ တီဗီကြော်ညာ

Samsung ဟာသူ့ရဲ့နောက်ဆုံးထွက်စမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ Galaxy S9 နဲ့ S9+ တို့အတွက် တီဗီကြော်ညာကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ကပဲ Samsung youTube channel ကနေတဆင့်တရားဝင်ချပြလိုက်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Galaxy S9 တီဗီကြော်ညာကို မတွေ့မြင်ရသေးပေမယ့် အနောက်နိုင်ငံအချို့မှာဆိုရင် မကြည့်ချင်လှအောင်တွေ့မြင်နေရပြီဖြစ်ပါတယ်။ ကြော်ညာရဲ့ ကြာမြင့်ချိန်ကတော့ ၁ မိနစ်တိတိပါ။

S9 တီဗီကြော်ညာမှာ ပထမဉီးဆုံးမြင်တွေ့ရမှာကတော့ ဖုန်းရဲ့ ကင်မရာဟာမျက်လုံးသားငယ်အိမ် ပုံစံမျိုးအတိုင်းပြောင်းလဲနိုင်တာပါ။ အလင်းအမှောင်ကိုလိုက်ပြီး ကင်မရာကိုထိန်းချုပ်နိုင်တယ် ဆိုတာပြချင်တာဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ Slow mo ကင်မရာအဖြစ်ပြောင်းလဲနိုင်တာပါ။ Slow mo ကင်မရာပြောင်းလိုက်ရင် ပုံရိပ်တွေဟာနဂိုထက် ၄ ဆ ပိုမိုနှေးကွေးသွားမှာဖြစ်ပါတယ်။

တတိယတစ်ခုကတော့ Galaxy S9 မှာနာမည်ကြီးနေတဲ့ 3D emoji ကင်မရာပါ။ မိမိရဲ့မျက်နှာက 3D emoji ပုံစံဖြစ်သွားမှာကြောင့် စိတ်ဝင်စားစရာအကောင်းဆုံး feature တွေထဲကတစ်ခုလို့ဆိုရမှာပါ။ နောက်ဆုံးတစ်ခုစိတ်ဝင်စရာကောင်းတဲ့အချက်က Galaxy S9 ဟာ Water resistant ဆိုတာပါပဲ။ ကြေညာကိုကြည့်ရင် Resistant ရာခိုင်နှုန်းဟာ ရေမျက်နှာအောက်တော်တော်ရောက်တဲ့အထိ ခံနိုင်တာကိုတွေ့ရမှာပါ။ (ဂျင်းတော့မဟုတ်လောက်ပါဘူး?)

တီဗီကြေညာနဲ့ အတူ S9 နဲ့ S9+ တို့ရဲ့စျေးနှုန်းအပိုင်းကလည်းတစ်ခါတည်းထွက်ပေါ်လာပြီဖြစ်ပါတယ်။ Galaxy S9 ရဲ့စျေးနှုန်းဟာ USD 719.99 ဖြစ်နေပြီး Galaxy S9+ ရဲ့စျေးနှုန်းဟာတော့ USD 839.99 ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ S9 နဲ့ S9+ တို့ကို  UK, US, Canada အစရှိတဲ့နေရာဒေသတွေမှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။

 

Source 1, 2

,

Leave a Reply

Your email address will not be published. Required fields are marked *