ထူးခြားဆန်းသစ်တဲ့ပုံစံတွေနဲ့ Video တွေ ဖန်တီးနိုင်မယ့် App နှစ်ခု Triller and Filmr

Triller – Music Video Maker

အပြစ်အနာအဆာကင်းတဲ့ Video တွေ ဖန်တီးနိုင်တဲ့ app လေးပါ။ အပိုင်းအတိုလေးတွေ ရိုက်ပြီး အားလုံးကို တစ်ဆက်တည်း ပြန်ဖော်ပြပေးနိုင်မယ့် video တွေ ပြုလုပ်နိုင်ပါတယ်။
Triller နဲ့ လုပ်ဆောင်နိုင်မှာတွေက –

  • အလိုအလျှောက် တည်ဖြတ်ပေးတဲ့ စနစ်နဲ့ ပရောဖက်ရှင်နယ် video တွေ ဖန်တီးနိုင်ပါတယ်။
  • အပတ်စဉ်တိုင်း ထပ်ပေါင်းထည့်ပေးတဲ့ filters အသစ်တွေကို အသုံးပြုနိုင်ပါတယ်။
  • Video ထဲကို စိတ်လှုပ်ရှားဖို့အကောင်းဆုံး သီချင်းတွေ ထည့်သွင်းပြီး ခန့်ညားတဲ့ music video တွေ ပြုလုပ်နိုင်ပါတယ်။
  • Video ထဲကို စာသား ၊ ရုပ်ပုံနဲ့ emojis တွေ ထည့်သွင်းနိုင်ပါတယ်။
  •  ပြုလုပ်ပြီးသား video တွေကို Instagram , Twitter , Facebook , Text , Email တို့မှာ ဝေမျှလို့ရတဲ့အပြင် Camera Roll ထဲမှာလည်း သိမ်းဆည်းထားလို့ရပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free to download လုပ်နိုင်ပါတယ်။ Rating တွေက Play Store မှာ 4.6 နဲ့ App Store မှာ 4.8 အထိရရှိထားပါတယ်။

Image Source – Triller – Music Video Maker

 

Filmr – AR Easy Video Editor

သင်ကြိုက်တဲ့ သီချင်းတွေနဲ့ video clips တွေ လွယ်ကူမြန်ဆန်စွာ လုပ်နိုင်မယ့် app လေးပါ။ ၂၀၁၇ ခုနှစ်မှာ Apple ရဲ့ “Best of 2017” လို့ သက်မှတ်ခြင်းခံထားရပါတယ်။ နိုင်ငံပေါင်း ၁၅၀ ကျော်ရဲ့ “Best new Apps” အဖြစ်လည်းရပ်တည်နေပါတယ်။ အသုံးပြုပုံက သင့်ရဲ့ အကြိုက်ဆုံး video clips တွေ နဲ့ ဓာတ်ပုံတွေကို အရင် ရွေးချယ်လိုက်ပါ။ ပြီးရင် စိတ်တိုင်းကျ နေရာပြန်စီ၊ slow motion effect ထည့်သွင်းပြီး ကိုယ်အကြိုက်ဆုံး သီချင်းလေးတွေ ပေါင်းထည့်လိုက်ရင် ပြည့်စုံတဲ့ music video တစ်ခု ပြုလုပ်ပြီးပါပြီ။

ဒါ့အပြင် ပိုပြီးဆန်းသစ်တဲ့ video ပုံစံ တွေ ပြုလုပ်နိုင်မယ့် အခြား features တွေလည်း ပါဝင်ပါတယ်။ ကိုယ်လိုချင်တဲ့ ပုံစံ မျိုး
အလွယ်တကူ edit ပေးနိုင်ပြီး ရှုထောင့်မျိုးစုံက နေ စိတ်ကြိုက် ပုံဖော်ပေးနိုင်ပါတယ်။ Video လန်းလန်းလေးတွေ edit လုပ်ရတာ ဝါသနာ ပါတဲ့ သူတွေ သဘောကျနှစ်သက်ကြမှာပါ။

Android, iOS နှစ်မျိုးစလုံးနဲ့ free to download လုပ်ယူနိုင်မှာဖြစ်ပါတယ်။ App Store မှာ rating 4.1 နဲ့ Play Store မှာ rating 4.6 စီ အသီးသီးရရှိထားပါတယ်။

Image Source : Filmr – AR Easy Video Editor

, ,

Leave a Reply

Your email address will not be published. Required fields are marked *