ဘာသာစကားတွေ လေ့လာရာမှာ အထောက်အကူပြုမယ့် U-Dictionary

ယနေ့ ကျွန်မတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးက ဟိုးအရင်တုန်းကလို မကျယ်တော့ပဲ ကျဉ်ကျဉ်းလေးဖြစ်သွားပါပြီ။ အကြောင်းကတော့ နည်းပညာတွေတိုးတက်လာလို့ပဲဖြစ်ပါတယ်။ နည်းပညာ ကဏ္ဍ အရေးပါလာတာနဲ့အမျှ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်သွယ်နိုင်စေဖို့ ပေါင်းကူးပေးတဲ့ ဘာသာစကားကဏ္ဍကလည်း အရေးကြီး လာပါတယ်။ အကယ်၍ သင်က ဘာသာစကားတစ်ခုခုကို
လေ့လာနေတဲ့သူဆိုရင် U-Dictionary apk က သင့်အတွက်အရမ်းကို အသုံးဝင်မှာပါ။

U-Dictionary ထဲမှာ လူသုံးများတဲ့ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယားဘာသာစကားတွေအပြင် ဘာသာစကား၃၈မျိုးကို လေ့လာနိုင်ပါတယ်။ အဘိဓာန်အဖြစ် အသုံးပြုနိုင်ရုံသာမက conversation လေ့ကျင့်ခန်းများ၊ အနက်တူသံကွဲစကားလုံး (synonyms) ဂိမ်းများ၊ နေ့စဉ်နေ့တိုင်းလေ့လာနိုင်မယ့် audio များ နှင့် အခြားစိတ်ဝင်စားဖို့ကောင်းတာတွေကိုလည်း သင်ကြားနိုင်ပါတယ်။

ဘာသာစကား ၃၈မျိုးထဲမှာ မြန်မာဘာသာမပါဝင်တဲ့အတွက် ကျွန်မတို့အနေနဲ့ အဘိဓာန်ကြည့်ချင်ရင် English to English ကိုပဲ လေ့လာလို့ရမှာပါ။ Apk ထဲမှာ British (UK) အသံထွက်နဲ့ American (US) အသံထွက် နှစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။ Word for Today ကနေလည်း နေ့စဉ်နေ့တိုင်း စကားလုံးအသစ်တွေ လေ့လာလို့ရပါတယ်။ Writing club ထဲဝင် join ပြီးတော့လည်း writing skill တိုးတက်အောင်လုပ်လို့ရပါတယ်။ 4skills (speaking, reading, writing, listening) ကို တစ်နေ့ရာတည်းကနေ တိုးတက်အောင် လုပ်လို့ရတဲ့ apk ဖြစ်တာကြောင့် စိတ်ဝင်စားရင် သုံးကြည့်လို့ရပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ အခမဲ့ အသုံးပြုလို့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ Google Play ရဲ့ Best Self-Improvement App နဲ့ Best App ဆုကိုရရှိထားတာပါ။ Android အတွက် ထွက်ထားတာ ကြာနေပြီဖြစ်ပေမယ့် iOS အတွက်တော့ ၂၀၁၈ မှထွက်ထားတာဖြစ်ပါတယ်။ Rating ပိုင်းကကြည့်ရင် Play store မှာ 4.5 နဲ့ App store မှာ 4.8 အထိရှိနေပါတယ်။ ဓာတ်ပုံတွေကို App Store ကနေ
ဖော်ပြထားပါ။

Image Source – U-Dictionary

, ,

Leave a Reply

Your email address will not be published. Required fields are marked *