အချိန်အနည်းငယ်အတွင်းမှာစတိုင်လ်ကျတဲ့ website တစ်ခုတည်ထောင်နိုင်မယ့် Universe — Website Builder

Mobile ဖုန်းနဲ့ website တွေပြုလုပ်လို့ရတဲ့ app ဖြစ်ပါတယ်။ Site အမျိုးအစား မျိုးစုံပါဝင်ပြီး ကိုယ်ပြုလုပ်ချင်တဲ့ site ကို ရွေးချယ်နိုင်ပါတယ်။ အခြား နည်းပညာတွေ ဘာတစ်ခုမှ မလိုအပ်ပဲ mobile တစ်ခုတည်းနဲ့ website တည်ထောင်နိုင်လို့ အရမ်းကိုအသုံးဝင်ပါတယ်။

App ထဲမှာ သင်လိုချင်တဲ့ site အမျိုးအစားရဲ့ ပုံစံ မေးခွန်းတွေကို အရင်ဖြေဆိုပေးရပါမယ်။ ပြီးရင် Site ဒီဇိုင်းပုံစံနဲ့ ကိုက်ညီတဲ့ filter တွေ ထည့်သွင်းပေးရပါမယ်။ Website ရဲ့ ပုံစံကို လိုအပ်သလို စိတ်ကြိုက် ဒီဇိုင်း ထည့်သွင်းပေးနိုင်ပါတယ်။

Universe က mobile ဖုန်းတွေအတွက် ပထမဆုံး website တည်ထောင်တဲ့ app ဖြစ်ပါတယ်။ အခြား website builders တွေဖြစ်တဲ့ Squarespace , WordPress , Wix , နဲ့ Weebly တို့က ဈေးကြီးပြီး အသုံးပြုရတာ ခက်ခဲတဲ့အတွက် လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် website တစ်ခုကိုတည်ထောင်ချင်တဲ့သူတွေကတော့ Universe app ကိုသုံးရင် ပိုပြီးအဆင်ပြေမှာပါ။ အခမဲ့ အသုံးပြုနိုင်ပြီး custom.coms အတွက် တစ်လကို မြန်မာငွေ ၃၉၇၆ ကျပ် (ခန့်မှန်းခြေ) ခန့်လောက်နဲ့ စတင်ပေးရမှာဖြစ်ပါတယ်။ Website တွေထောင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ချင် သူတွေအတွက်သာမက အပျော်တမ်း website တွေ ပြုလုပ်ချင်တဲ့သူတွေအတွက်ပါ အရမ်းကို အသုံးဝင်တဲ့ Universe ပါ။

iOS အတွက်ပဲအသုံးပြုနိုင်ပါတယ်။ Download ဈေးနှုန်းကတော့ free ပါ။ File အရွယ်အစားက 107.4MB ရှိပါတယ်။ iOS version 10.0 နှင့်အထက်ရှိထားဖို့လိုအပ်ပြီး iPhone , iPad , iPod touch တို့နှင့်အသုံးပြုနိုင်ပါတယ်။ ငွေပေးဝယ်ယူရမယ့် App Purchases တွေရဲ့ ဈေးနှုန်းတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

  1. COM Domain $2.99
  2. Track Views x 1 $2.99
  3. 1 x Tier N Domain $0.99
  4. .COM Domain for 2 Sites $5.99
  5. Hide Brand $2.99
  6.  1 x Tier C Domain $4.99
  7.  1 x Tier F Domain $7.99
  8. 1 x Tier B Domain $3.99
  9.  1 x Tier I Domain $11.99
  10. 1 x Tier E Domain $6.99

အထက်မှာဖော်ပြထားတဲ့ ဈေးနှုန်းတွေက US က ဈေးနှုန်တွေဖြစ်တာကြောင့် မြန်မာကျပ်ငွေနဲ့ တန်ဖိုးအပြောင်းအလဲ ရှိနိုင်ပါတယ်။ App ကို ဈေးနှုန်းအခမဲ့နဲ့ download လုပ်ယူနိုင်ပေမယ့် အထက်ပါ features တွေကို အသုံးပြုချင်ရင် purchases နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။

 

Download link – https://itunes.apple.com/us/app/universe-website- builder/id1211437633?mt=8

,

Leave a Reply

Your email address will not be published. Required fields are marked *